ပျူစောထီးဆိုသူများက ဆရာတော်တပါးအား လူဝတ်လဲရိုက်နှက်

တင်္နသာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက ကျောင်းထိုင်ဆရာတော်တစ်ပါးကို လူဝတ်လဲ၊ လက်ပြန်ကြိုးတုတ်၊ ဖမ်းဆီးရိုက်နှက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ရွာသားများကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဖမ်းဆီးခံရသူများမှာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာက ကျောင်းထိုင်ဆရာတော်နှင့်အတူ ရွာသား ၆ ဦးတို့ ဖြစ်ကြပြီး အောက်တိုဘာ လ ၇ ရက်နေ့ နေ့လည်ပိုင်းကတည်းက လိုက်လံဖမ်းဆီးခဲ့ရာ အဖမ်းခံရသူများထဲတွင် အမျိုးသမီးများဖြစ်သည့် အသက် ၂၈ နှစ်အရွယ်ရှိ မအေးမာနှင့် မနီတို့နှစ်ဦးလည်း ပါဝင်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ကျေးရွာသားတစ်ဦးက “ဆရာတော်ကို ဘာကြောင့်ဖမ်းလဲတော့ မသိဘူး။ ဆရာတော်က အေးဆေးနေတတ်သူပါ။ နိုင်ငံရေးလည်း ဝါသနာမပါဘူး။ တရွာလုံးက ဆရာတော်ကို အရမ်းကြည်ညိုကြတာ။ တမင်အကွက်ဆင် ပူးပေါင်းကြံစည်ပြီး ဖမ်းတာဖြစ်မယ်။ ရွာသားတချို့လည်း ကြောက်လန့်ပြီး ရွာကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်“ ဟု ပြောသည်။

ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်နှင့် အမာခံသတင်းပေး ဦးမောင်ရီတို့ပူးပေါင်း၍ အောက်တိုဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကျေးရွာအတွင်းနေထိုင်သည့် NLD ပါတီဝင်များ၏ နေအိမ်များအား လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

၎င်းတို့ စတင်ဖမ်းဆီးစဉ်က သံဃာ ၄ ပါးဖြစ်ရာ၊ ၎င်းတို့အထဲမှ ၃ ပါးကို ပြန်လွတ်ပေးခဲ့ပြီးနောက် ကျောင်းထိုင်ဆရာတော်ကို ဦးမောင်ရီ၏ နေအိမ်တွင် ည ၇ နာရီအချိန်ခန့်တွင် လူဝတ်လဲ၊ လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်စစ်ဆေးနေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် စော်ဖျားရွားသား တစ်ဦးက ဆက်ပြောသည်။

စော်ဖျားကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဖြစ်သည့် ဦးမောင်ရီအိမ်ကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့က လာရောက်ပစ်ခတ်ခဲ့ပြီး ဦးမောင်ရီ၏ ဇနီးနှင့် တူဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကျေးရွာအတွင်း ရိုက်နှက်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း ယနေ့အချိန်ထိ မသိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိနေကြသည်။

အောက်တိုဘာလ ၇ ရက်နေ့က သရက်ချောင်းမြို့နယ် မိုးရွှေကူးကျေးရွာတွင် NLD ပါတီဝင်တစ်ဦး၏နေအိမ်ကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

သရက်ချောင်းတွင် ပျူစောထီးများကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည်။။

သရက်ချောင်းတွင် ပျူစောထီးများကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...