မော်လမြိုင်ကျွန်းတွင် ဖမ်းဆီးငွေညှစ်မှုများရှိနေ

မော်လမြိုင်ကျွန်းတွင် ဖမ်းဆီးငွေညှစ်မှုများရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သက်သေအထောက်အထားမရှိဘဲ ဖမ်းဆီးပြီး ကျပ်နှစ်သိန်းမှ ကျပ်သိန်း ၂၀ အထိ ငွေညှစ်တောင်းယူမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

CDM ထောက်ပံ့သူ၊ နွေဦးထီရောင်းသူ၊ PDF နှင့် စစ်တပ်ဆန့်ကျင်ဆန္ဒပြသူဟု သက်သေအထောက်အထားမရှိဘဲ စွပ်စွဲကာ အကြပ်ကိုင် ငွေညှစ်နေသည်ဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဆင်းရဲချမ်းသာအလိုက် ပေါက်ဈေးရှိတယ်။ ၂ သိန်းကနေ သိန်း ၂၀ အထိပေးရတာတွေရှိတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ငွေကြေးပေးနိုင်သူများမှာ စစ်ကြောရေးကိုမရောက်သကဲ့သို့ တရားရုံးလည်းမရောက်ဘဲ ပြန်လည်လွတ်မြောက်လာသူများရှိပြီး ငွေမပေးနိုင်သေးသူများကို ဆက်လက်ဖမ်းထားသည်ဟု ဒေသခံအချို့က ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့က မော်ကျွန်းမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်ရှေ့တွင် ဗုံးနှစ်လုံးဆင့်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ သံသယဖြင့် ဖမ်းခံထားရသူ အချို့ငွေမပေးနိုင်သေး၍ ပြန်မလွတ်သေးဟု သိရသည်။

"တနေရာရာမှာ ဗုံးပေါက်တယ်ကြားရင် ဆိုင်ကယ်တွေစစ်တယ်။ ပြောကြရင် အပြင်မထွက်ရဲဘူး။ ယူနီဖောင်းဝတ်ထားတဲ့သူကိုတွေ့ရင် ရှောင်သွားနေရတယ်။ ငွေညှစ်မှာကြောက်လို့" ဟု မြို့ခံ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ သက်သေအထောက်အထားမရှိဘဲ သံသယနှင့် ဖမ်းဆီးခံထားရသူ ၇၀ နီးပါး အထိရှိလာပြီဟု ဒေသခံများက ပြောသည်။

မအူပင်၊ ပုသိမ်၊ ရေကြည်၊ မြောင်းမြ စသည့် မြို့နယ်များတွင်လည်း ဖမ်းဆီးခြိမ်းခြောက် ငွေတောင်းခံမှုများရှိနေကြောင်း မြို့ခံအချို့က ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...