ယာဉ်ထိန်းရုံး ဗုံးကွဲပြီးနောက် လူငယ် ၆ ဦး ဖမ်းဆီးခံရ

ယာဉ်ထိန်းရုံး ဗုံးကွဲပြီးနောက် လူငယ် ၆ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ ယာဉ်ထိန်းရဲရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက အမှတ် ၄ ရပ်ကွက် ဘုရားလမ်း CB ဘဏ်ရှေ့ရှိ ယာဉ်ထိန်းရဲရုံးအတွင်းမှ ပေါက်ကွဲသံကြားရပြီးနောက် မီးခိုးလုံးများထွက်လာကြောင်း၊ ထိုသို့ပေါက်ကွဲပြီး မကြာမီတွင် စစ်တပ်က ရောက်ရှိလာပြီး လမ်းသွားလမ်းများကို စစ်ဆေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့ကပြောသည်။

မြို့ခံတစ်ဦးက "ဘယ်သူမရှိချိန် ပေါက်ကွဲ့တာမို့ လူထိခိုက်တာမရှိဘူး။ CB ဘဏ်က အမျိုးသမီးတစ်ယောက်တော့ ရှော့ဖြစ်သွားလို့ ဆေးရုံပို့လိုက်ကြတယ်။ လူငယ် ၆ ဦးတော့ ဖမ်းသွားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင်း၌ ထွေအုပ်ရုံး၊ မီတာရုံး၊ ရဲစခန်း၊ စိုက်ပျိုးရေးရုံး၊ MyTel တာဝါတိုင်နှင့် စစ်တပ်ယာယီကင်းစခန်းတို့ကို PDF များ၏ ဗုံးခွဲတိုက်ခိုက်မှုရှိခဲ့ပြီး ယခုယာဉ်ထိန်းရဲရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဤပေါက်ကွဲမှုနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မအူပင်) က အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်ဒုတ်များမှ ပြည်သူအများ၏ ယာဉ်အမျိုးမျိုးကို ပုဒ်မမျိုးစုံတပ် မတရားဖမ်းဆီးငွေတောင်းနေသောကြောင့် ၎င်းတို့၏ လက်ရုန်းတပ်ဖွဲ့ဖြစ်သည့် ရေဝတီသမန်းကျား ပြောက်ကျားတပ်ဖွဲ့က ပဏာမပစ်မှတ်ထား တိုက်ခိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်မှစတင်၍ မအူပင်မြို့ ဝင်/ထွက် ဂိတ်၊ မြို့တွင်း လမ်းမလမ်းဆုံများတွင် စက်ဘီးစီးလာသူအပါအဝင် ယာဉ်အမျိုးမျိုးကို အကြောင်းမျိုးစုံပြ၍ ဒဏ်ကြေးဟုဆိုကာ ငွေသုံးသောင်းကျပ်မှ ကျပ်သုံးသိန်းအထိ တောင်းနေခဲ့ကြောင်း မြို့ခံအများစုက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...