မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၁၀,၀၀၀) ခန့် ထိုးပေးမည်

မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၁၀,၀၀၀) ခန့် ထိုးပေးမည်

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၀,၀၀၀ (တစ်သောင်း) ခန့် ထိုးနှံပေးသွားမည်ဟု သိရသည်။

အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များတွင် ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ယခုလို ကာကွယ်ဆေးထိုးနှံခြင်းကို ၃ ရက်ကြာ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အထကခွဲ ၃ ကျောင်းရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့်နေရာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီတစ်ခေါက် မြဝတီခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁၀၀၀၀ ထိ ထိုးပေးသွားဖို့ရှိပါတယ်။ မြို့ပေါ်ရပ်ကွက်များအတွက် အလုံးရေ ၈၀၀၀ နှင့် ရွှေက္ကိုဘက်မှာ အလုံးရေ ၂၀၀၀ ထိုးသွားမှာပါ။ ဆေးတစ် လုံးကို လူ ၅ ဦးနှုန်း ထိုးပေးတာဖြစ်လို့ အခုဆေးအလုံးရေ ၁၀၀၀၀ ဆိုတော့ လူဦးရေ ၅၀၀၀၀ ဝန်းကျင်အတွက် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိမှာဖြစ်တယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူများအား အကန့်အသတ်မရှိ ထိုးပေးနေတာဖြစ်တယ်" ဟု ၎င်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မတ်လကစတင်ခဲ့ရာ ယခုဆိုလျှင် ပဉ္စမအကြိမ်အထိ ရှိလာပြီဖြစ်သည်။

ခရိုင်အတွင်း လူဦးရေမည်မျှ ကာကွယ်ဆေးထိုးနှံထားပြီးကြောင်း အရေအတွက်ကိုတော့ သက်ဆိုင်ရာမှ သတင်းထုတ်ဖော်ပြောကြားခြင်းကိုမူ မတွေ့ရှိရပါ။

လက်ရှိမှာ မြဝတီမြို့တွင်း၌ ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် လူသေဆုံးမှုမရှိသလောက် နည်းပါးနေသော်လည်း အောက်တိုဘာ ၇ ရက်နေ့က မြဝတီမြို့တောင်ဘက်ခြမ်း လေးကေကော်ရွာဘက်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...