မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၁၀,၀၀၀) ခန့် ထိုးပေးမည်

မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၁၀,၀၀၀) ခန့် ထိုးပေးမည်

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၀,၀၀၀ (တစ်သောင်း) ခန့် ထိုးနှံပေးသွားမည်ဟု သိရသည်။

အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များတွင် ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ယခုလို ကာကွယ်ဆေးထိုးနှံခြင်းကို ၃ ရက်ကြာ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အထကခွဲ ၃ ကျောင်းရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသည့်နေရာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီတစ်ခေါက် မြဝတီခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁၀၀၀၀ ထိ ထိုးပေးသွားဖို့ရှိပါတယ်။ မြို့ပေါ်ရပ်ကွက်များအတွက် အလုံးရေ ၈၀၀၀ နှင့် ရွှေက္ကိုဘက်မှာ အလုံးရေ ၂၀၀၀ ထိုးသွားမှာပါ။ ဆေးတစ် လုံးကို လူ ၅ ဦးနှုန်း ထိုးပေးတာဖြစ်လို့ အခုဆေးအလုံးရေ ၁၀၀၀၀ ဆိုတော့ လူဦးရေ ၅၀၀၀၀ ဝန်းကျင်အတွက် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိမှာဖြစ်တယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူများအား အကန့်အသတ်မရှိ ထိုးပေးနေတာဖြစ်တယ်" ဟု ၎င်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မတ်လကစတင်ခဲ့ရာ ယခုဆိုလျှင် ပဉ္စမအကြိမ်အထိ ရှိလာပြီဖြစ်သည်။

ခရိုင်အတွင်း လူဦးရေမည်မျှ ကာကွယ်ဆေးထိုးနှံထားပြီးကြောင်း အရေအတွက်ကိုတော့ သက်ဆိုင်ရာမှ သတင်းထုတ်ဖော်ပြောကြားခြင်းကိုမူ မတွေ့ရှိရပါ။

လက်ရှိမှာ မြဝတီမြို့တွင်း၌ ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် လူသေဆုံးမှုမရှိသလောက် နည်းပါးနေသော်လည်း အောက်တိုဘာ ၇ ရက်နေ့က မြဝတီမြို့တောင်ဘက်ခြမ်း လေးကေကော်ရွာဘက်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...