တရုတ်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ပြည်ပငါးတင်ပို့မှု အခက်တွေ့

တရုတ်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ပြည်ပငါးတင်ပို့မှု အခက်တွေ့

တရုတ်ဘက်က တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ငါးတင်ပို့မှုအားလုံးနီးပါး ရပ်ဆိုင်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။

တရုတ်နိုင်ငံဘက်က ငါးတင်ပို့ရာမှာ ငါးတွေကို ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးဖို့နဲ့ ငါးလုပ်ငန်းလုပ်ကိုင်သူအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ်ဆေးထိုးပြီးရင်လည်း ၂ ပတ်တစ်ကြိမ် ရောဂါရှိ/မရှိ စစ်ဆေးဖို့အပါအဝင် အချက် ၇ ချက် ညွှန်ကြားထားတာဖြစ်ပါတယ်။

တရုတ်ဘက်က တင်းကြပ်လိုက်တဲ့ စည်းကမ်းချက်တွေဟာ ကုန်ကျစရိတ်များစွာရှိလို့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း မရဘူး။ နှစ်ပတ်တခါ ပြန်စစ်ဆေးရမယ့်ပေါ့။ သူတို့ပို့တဲ့ ခုနှစ်ချက်မှာ သုံးချက်လောက်က မလုပ်နိုင်ဘူး” လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ငါးလုပ်ငန်းရှင်တွေဟာ စက်သုံးဆီဈေးနှုန်းနဲ့ သွင်းအားစုကုန်ပစ္စည်းတွေဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ငါးအထိအမိ လျော့ကျလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

တဖက်မှာတော့ တရုတ်ဈေးကွက် အဓိကမှီခိုနေရတဲ့အတွက်ကြောင့် ငါးတင်ပို့ခွင့်မရရင် လုပ်ငန်းတွေ ပိတ်သိမ်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“တရုတ်ကထုတ်တဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေကြောင့် ပြည်ပတင်ပို့တဲ့သူတွေရော၊ အအေးခန်းလုပ်တဲ့သူတွေရောက အဆင်မပြေဖြစ်ရတယ်။ ပြည်ပမပို့နိုင်တော့ အကုန်လုံးအတွက် ခက်တယ်။ ပြည်တွင်းဈေးကွက်လောက်ပဲဆိုတော့ ရပ်တဲ့သူက ရပ်ကုန်ပြီး” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကို ဖြေလျော့ပေးဖို့ ပြန်လည်တင်ပြထားတယ်လို့ ငါးလုပ်ငန်းရှင်တွေ ဆိုကြပါတယ်။

တရုတ်နိုင်ငံဟာ မွန်ပြည်နယ်ကနေ နှစ်စဉ် ငါးတန်ချိန် ထောင်နဲ့ချီ ဝယ်ယူနေတာဖြစ်ပြီး၊ အဲလို ယ်ယူရာမှာ ငါးပုတ်သင်၊ ငါးသလောက်စတဲ့ ငါးတွေကို အဓိကထား ဝယ်ယူနေပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...