မြှောက်ပစ်လေ့ကျင့်ခဲ့တဲ့ ထားဝယ်က ရေလယ်ကျွန်းတွေပေါ် လူတက်ရောက်နေထိုင်ခွင့် ကန့်သတ်ခံရ

မြှောက်ပစ်လေ့ကျင့်ခဲ့တဲ့ ထားဝယ်က ရေလယ်ကျွန်းတွေပေါ် လူတက်ရောက်နေထိုင်ခွင့် ကန့်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြစ်အတွင်းရှိ ရေလယ်ကျွန်း ၄ ကျွန်းကို စစ်ကောင်စီအမြှောက်တပ်က အမြှောက်စမ်းသပ်ပစ်ခတ်ပြီးနောက်ပိုင်း လူများတက်ရောက်နေထိုင်ခွင့်ကို ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ ထားဝယ်နှင့်လောင်းလုံးအကြားရှိ ရေလယ်ကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းနှင့်ကူးတိုဆိပ်ဟောင်းကျွန်းတွေကို စစ်ကောင်စီအမြှောက်တပ် အမှတ် (၃၀၂) မှ အမြှောက်များ စမ်းသပ်လေ့ကျင့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျွန်းတွေမှာ ယခင်က လယ်လုပ်သူ၊ ဓနိရည်၊ ဓနိသကြားချက် လုပ်ငန်းလုပ်ကိုင်သူတွေရှိခဲ့ပြီး ရံဖန်ရံခါ ကျွန်းအနီးဝန်းကျင် ငါးရှာသူများ တက်ရောက်ခိုနားမှုတွေရှိတယ်လို့ သိရပါတယ်။

ကျွန်းပေါ်တက်ရောက်နေထိုင်ခွင့် ကန့်သတ်ခံရတာကြောင့် ကျွန်းပေါ်နေထိုင် လုပ်ကိုင်စားသောက်ခဲ့သူတွေအတွက် အခက်အခဲအကြပ်အတည်းတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"ကျွန်းပေါ်တွေမှာက အရင်ကတည်းက လုပ်ကိုင်စားသောက်နေထိုင်သူတွေရှိတယ်။ ခုလိုကန့်သတ်လိုက်တော့ သူတို့အတွက် အများကြီး ထိခိုက်နစ်နာမှုတွေရှိတယ်။ အဲဒီကျွန်းတွေပေါ်မှာ အများဆုံးလုပ်ကိုင်နေတာတွေက  ဓနိသကြားချက်တဲ့သူတွေဘဲ။ သူတို့တွေရဲ့ စားဝတ်နေရေးအခက်ခဲတွေ အများကြီးဖြစ်လာနိုင်တယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။

အဆိုပါ ကျွန်းတွေပေါ်မှာ စစ်ကောင်စီက ပစ်ခတ်ထားတဲ့ မပေါက်ကွဲသေးသည့် အမြှောက်ဆံများရှိနေနိုင်တာကြောင့် ဒေသခံတွေအတွက်လည်း အန္တရာယ်ရှိနေနိုင်တယ်လို့ သိရပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...