မွန်ပြည်နယ်ဝန်ကြီးသစ် ခန့်အပ်ခြင်းအပေါ် လွှတ်တော်အမတ်အချို့ ဝေဖန်

မွန်ပြည်နယ်ဝန်ကြီးသစ် ခန့်အပ်ခြင်းအပေါ် လွှတ်တော်အမတ်အချို့ ဝေဖန်
by -
မဇ္ဈိမ
မွန်ပြည်နယ် စည်ပင်သာယာနှင့်ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များနှင့် မကိုက်ညီခြင်းကြောင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့်  အတည်ပြုခန့်အပ်လိုက်သည်။

ဦးမင်းကျော်လွင်အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ စင်ကာပူနိုင်ငံရှိ ကုမ္ပဏီတစ်ခုတွင် သွားရောက်အလုပ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်နေသောကြောင့် ဖွဲ့စည်းပုံပါ ပြဌာန်းချက်များနှင့် မညီညွတ်ဘဲ ကန့်ကွက်ရခြင်းဖြစ်သည်ဟု မွန်လွွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ ပုဒ်မခွဲ(ဂ) တွင်"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်သူဖြစ်ရမည်" ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စကို မွန်ပြည်နယ်လွှတ်တော်တွင် ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခဲ့သော်လည်း မွန်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု မဇ္စျိမက ဆက်သွယ်မေးမြန်းထားသည့် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်သုံးဦးက အတည်ပြုပေးခဲ့သော်လည်း တစ်စုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

"လွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်တာက နှုတ်နဲ့ဖြစ်တဲ့အတွက်ပေါ့နော်။ ပုံမှန်ဆိုရင် နည်းဥပဒေ ၅၄ အရ စာနဲ့ တင်ရမယ် အဆိုအဖြစ်အနေနဲ့ပေါ့၊ အခုကျတော့အဆိုအဖြစ်မဟုတ်ဘဲ ဆွေးနွေးချက်ပဲ ဆိုပြီး ၀န်ကြီးခန့်အပ်တာကို အတည်ပြုလိုက်တာပါ" ဟု သထုံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မွန်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိထံ မဇ္စျိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဦးမင်းကျော်လွင်မှာ ပြင်ပ ပညာရှင်တဦး ဖြစ်ပြီး ၁၉၈၄ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့သူဖြစ်ကာ (NLD) ပါတီဝင် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများကို ယခင်ဝန်ကြီးချုပ်ဖြစ်သည့် ဦးမင်းမင်းဦးမှ တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းနုတ်ထွက်သွားပြီးသည့်နောက်တွင် ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ယင်းဝန်ကြီးဌာနများကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဦးမင်းထင်အောင်ဟန်နှင့် ဦးဝဏ္ဏကျော်တို့ကို ယာယီ တာဝန်ပေးအပ်ခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...