စော်ဖျားကျေးရွာက နေအိမ် ၃ လုံးကို ပျူစောထီး ဖျက်ဆီးသွား

စော်ဖျားကျေးရွာက နေအိမ် ၃ လုံးကို ပျူစောထီး ဖျက်ဆီးသွား

တနင်္သာရီိတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာက နေအိမ် ၃ လုံးကို အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီကျော်ခန့်က ပျူ စောထီးများ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ညက စော်ဖျားကျေးရွာ ဒလန် ဦးမောင်ရီနေအိမ်ကို လူတစ်စုမှ သေနတ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက်ပိုင်း ထားဝယ်မှ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်ဦးဆောင်အဖွဲ့မှ ရောက်ရှိလာခဲ့ပါတယ်။

"၄ ရက်နေ့ကတည်းက ဒလန် မောင်ရီအိမ် သေနတ်နဲ့ပစ်ခတ်ခံရပြီးကတည်း ပျူစောထီး ဦးအောင်စိန်တို့အဖွဲ့က ရွာကို ရောက်လာတယ်။ ဒီနေ့ညနေကတည်းက သူတို့လိုက်စစ်နေတာ ညပိုင်းမှာ ရွာကနေအိမ်တွေကို ထုရိုက်ဖျက်စီးတယ်။ သူတို့မှာ နေအိမ် ၄၀ စာရင်းပါလာတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ညနေပိုင်းမှာ စစ်ကား ၂ စီးနှင့် အင်အား ၄၀ ခန့် စော်ဖျားကျေးရွာအတွင်း ထပ်မံရောက်ရှိလာပြီး ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်က စော်ဖျားကျေးရွာအတွင်းရှိ နေအိမ်တွေကို လိုက်လံစစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

ညပိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တွေက ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံးကို ထုရိုက်ဖျက်ဆီးကာ သေနတ်များပစ်ဖောက်ပြီး ပြန်လည်ထွက်သွားတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...