ပုလောရဲ့ ကျေးရွာအချို့မှာ ပျူစောထီးအဖွဲ့ ထင်တိုင်းကြဲနေ

ပုလောရဲ့ ကျေးရွာအချို့မှာ ပျူစောထီးအဖွဲ့ ထင်တိုင်းကြဲနေ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲက ကျေးရွာအချို့မှာ အောက်တိုဘာလဆန်းပိုင်းကစပြီး ပျူစောထီးအဖွဲ့တွေ ထင်တိုင်းကြဲနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့တွေဟာ ပုလောမြို့နယ်ထဲက မီးလောင်ချောင်းကျေးရွာ၊ ကြဲကျေးရွာအပါအဝင် ကျေးရွာအချို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်တာ၊ ကျေးရွာတွေအတွင်းမှာ လုံခြုံရေးအကြောင်းပြ သေနတ်ကိုင်သွားလာနေတာ၊ သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

"ည ၉ နာရီကျော်ရင် အပြင်မထွက်ဖို့ သူတို့ဘက်က အမိန့်ထုတ်တယ်။ ညပိုင်း ငါးရှာဖားရှာတဲ့သူတွေကိုလည်း အချိန်လွန်လို့ဆိုပြီး သေနတ်နဲ့ခြိမ်းခြောက်တာတွေလုပ်တယ်။ ဆိုးတာက ညတိုင်းသေနတ်ဖောက်နေတဲ့ ကိစ္စပဲ၊ သေနတ်သံကြားနေရတော့ ကြောက်လန့်နေရတယ်" လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က ကဒဲကျေးရွာမှာ ပြည်သူစစ်ခေါင်းဆောင်တစ်ဦး လမ်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရသလို ရှပ်ပုံကျေးရွာက အုပ်ချုပ်ရေးမှူး ရုံးထဲရှိနေတဲ့ ပြည်သူစစ်အဖွဲ့ဝင်တွေကို အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်လို့ ပြည်သူစစ်အဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီလို ပြည်သူစစ်အဖွဲ့တွေ ပစ်သတ်ခံရပြီးနောက်ပိုင်း ပုလောမြို့နယ်ထဲက လူငယ်တွေ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၃၀ ဦးလောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...