တောင်ပျောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁၀၀၀ နီးပါးရှိလာ

တောင်ပျောက်တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁၀၀၀ နီးပါးရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူ ၁၀၀၀ နီးပါးရှိလာတယ်လို့ သိရပါတယ်။

တောင်ပျောက်တိုက်နယ်အတွင်းက ကျေးရွာတွေမှာ CDM ဝန်ထမ်းတွေ၊ PDF အဖွဲ့တွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမှုလုပ်ရာမှ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စက်တင်ဘာလ နောက်ဆုံးအပတ်က သဲချောင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဝင်းကဖော်၊ ကျွဲခြံကျေးရွာအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံ PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ဒေသခံ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ပွားရာကျေးရွာက ဒေသခံတွေအပြင် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

"သူတို့လုပ်ရပ်တွေကြောင့် နေအိမ်မှာ မနေရဲတော့ဘူး။ ဘယ်အချိန် တိုက်ပွဲထပ်ဖြစ်မလဲ စိုးရိမ်နေရတယ်။ ခုဆို တိုက်ပွဲကြောင့် အလုပ်လဲ မလုပ်ရတော့ စားဖို့အခက်ခဲဖြစ်တယ်။" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေက ဒေသခံတို့ရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ဖမ်းဆီးတာ၊ ကား၊ ဆိုင်ကယ်နှင့် စားသောက်ကုန်တွေကို ယူဆောင်တာတွေကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်တွေ လမ်းပိတ်စစ်ဆေးနေတာတွေ ရှိနေတဲ့အတွက် စားနပ်ရိက္ခာတွေသယ်ဆောင်ဖို့ အခက်ခဲရှိနေတာကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...