ကျုံပျော်တွင် ဘုန်းကြီးကျောင်းအားဝင်စီးပြီး မယ်သီလရှင်တစ်ပါးအား ဖမ်းဆီး

ကျုံပျော်တွင် ဘုန်းကြီးကျောင်းအားဝင်စီးပြီး မယ်သီလရှင်တစ်ပါးအား ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတိုက်တစ်တိုက်ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး မယ်သီလရှင်တစ်ပါးကို ဖမ်းဆီးသွားသည်။

အင်းရဲတိုက်နယ်၊ အင်းရဲကျေးရွာရှိ ဓမ္မဒီပကျောင်းတိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော် အချိန်တွင် ဝင်ရောက်စီးနင်းကာ CDM ပြုလုပ်ပြီးနောက် မယ်သီလရှင်ဝတ်နေသူတစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"ကျောင်းကို တပ်နဲ့ဝိုင်းပြီး ဆရာတော်ဆီ ခွင့်ကိုမတောင်းပဲ အတင်းဝင်ဖမ်းတာပါ။ ကျက်သရေခန်းတောင် ဖိနပ်မချွတ်ဘူးဝင်ကြတယ်" ဟု အင်းရဲကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

အင်းရဲကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးအောင်စိုးမြင့်နှင့် စစ်တပ်အမာခံသတင်းပေး ဦးသိန်းလွင်တို့နှစ်ဦးက လိုက်ပြသဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီ၏တပ်များသည် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ပရဝုဏ်နှင့် ဘိုးဘွားရိပ်သာ စသည့်နေရာများကို စစ်မြေပြင်ကဲ့သို့ စီးနင်းဝင်ရောက်ခြင်းမှာ စစ်ကျင့်ဝတ်ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းကွန်ရက်တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုထားသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...