ပုသိမ်တွင် ဒုတိယမြောက် Mytel တာဝါတိုင် ဗုံးခွဲခံရ

ပုသိမ်တွင် ဒုတိယမြောက် Mytel တာဝါတိုင် ဗုံးခွဲခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဆီဇုန်အနီးရှိ မိုင်တဲတာဝါတိုင်မှာ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်က မိုင်းခွဲ ဖျက်ဆီးခံလိုက်ရသည်။

အမှတ် ၁၃ ရပ်ကွက်၊ ငါးကျီးထူရပ်တွင်စိုက်ထူထားသော တာဝါတိုင်ရှိ ဆက်စပ်ပစ္စည်းဖြစ်သည့် ဝိုင်ဖိုင် (Wifi) ပုံးတစ်ပုံး မိုင်းခွဲဖျက်ဆီးခံရပြီး လူထိခိုက်မှုမရှိဟု ဒေသခံများက ပြောသည်။

"ပေါက်ကွဲသံကြားတယ်။ နောက်တော့ စစ်တပ်က လမ်းတွေပိတ်ဆို့စစ်တယ်။ လူသေတယ်ဆိုတာမျိုးတော့ မကြားမိဘူး" ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်-မော်တင် ကားလမ်း မိုင်တိုင်အမှတ် ၁၄/၆ အနီးရှိ Mytel ဖုန်းတာဝါတိုင် စက်တင်ဘာလ ၂၈ ရက် ညက မိုင်းခွဲ ဖျက်ဆီးခံရပြီးနောက် ယခုအကြိမ်သည် ဒုတိယမြောက် မိုင်းခွဲခံရခြင်းဖြစ်သည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုနှင့် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ PSTF က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် စက်တင်ဘာလမှစတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ် မော်လမြိုင်ကျွန်း ပုသိမ် စသည့်မြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင်များနှင့် ၎င်း၏ ဆက်စပ်ပစ္စည်းများ မိုင်းခွဲမီးရှို့ဖျက်ဆီးခံရမှု ၆ ကြိမ်ရှိပြီဖြစ်သည်ဟု ပုသိမ်အခြေစိုက် Mytel ဖုန်းဆက်သွယ်ရေးရုံးထံမှ သိရသည်။

ကျိုက်လတ်မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များဖျက်စီးမှု မအောင်မြင်ခဲ့ကြောင်းနှင့် ဖြစ်ပွားသည့်မြို့နယ်များမှ မသင်္ကာသူ စုစုပေါင်း ၃၀ ဦးဖမ်းခံထားရပြီး ယနေ့တိုင် ပြန်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...