သရက်ချောင်းမှာ စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့်၊ ပျူစောထီးတွေ ပါဝင်

သရက်ချောင်းမှာ စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့်၊ ပျူစောထီးတွေ ပါဝင်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့  စက်တင်ဘာလ (၃) ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေက ထပ်မံ အင်အားဖြည့်တင်းနေပါတယ်။

အဲ့ဒီလို အင်အားဖြည့်တင်းရာမှာ ပျုစောထီးတွေလည်း ပါဝင်လာပြီး စစ်ကောင်စီတပ်သား (၁၀၀) နီးပါးက ကျွဲခြံကျေးရွာအနီးမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကျွန်တော်သိတဲ့ ပျူစောထီးတစ်ဦး ဒီကနေ့ စစ်တပ်နေရာယူတဲ့နားမှာ တွေ့ခဲ့တယ်။ သူတို့တွေ အင်အားတော်တော်များတယ်။ ပြီးခဲ့တဲ့ရက်တွေကဖြစ်တဲ့ တိုက်ပွဲအပြီးမှာ အင်းအား ပြန်စုနေပုံရတယ်။ ဘယ်နေ တိုက်ပွဲထပ်ဖြစ်မလဲမသိဘူး။ ဒီညမှာလဲ သူတို့ဘက်က ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်နေလို့ စိုးရိမ်နေရတယ်။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်စွဲထားတဲ့နေရာမှာ ပျုစောထီးတွေက လက်နက်ငယ်တွေကို ပစ်ခတ်လေ့ကျင့်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြောက်လှန့်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေပြန်ဖြစ်လာရင် စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဝင်ရောက်ဖျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...