နှစ်ရက်အတွင်း ဒုတိယရဲကင်းစခန်းကို မီးရှို့နိုင်

နှစ်ရက်အတွင်း ဒုတိယရဲကင်းစခန်းကို မီးရှို့နိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ အနီးတဝိုက်တွင် ပြောက်ကြားလှုပ်ရှားနေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များသည် ဒုတိယအကြိမ် အဖြစ် ရဲကင်းစခန်းတစ်ခုကို ထပ်မံစီးနင်းမီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့ အောက်တိုဘာလ ၅ ရက် ည ၁၀ နာရီအချိန်ခန့်တွင် ကမ်းနီရဲကင်းစခန်းကို ထပ်မံ၍ စီးနင်းမီးရှို့နိုင်ခဲ့ကြောင်း ထီးချိုင့် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကားရပ်ခိုင်းတာ ရပ်မပေးလို့ဖြစ်သွားတာ။ ပြည်သူတွေထိခိုက်အောင် လုပ်တာမဟုတ်လို့ လူထိခိုက်မှုမရှိပါဘူး“ ဟု ထီးချိုင့် PDF အဖွဲ့ဝင်က ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ညတွင် အလယ်တောရဲကင်းကို စီးနင်းမီးရှို့ပြီးနောက် ယနေ့ညတွင် ကမ်းနီရဲကင်းစခန်းကို ထပ်မံမီးရှို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအတွင်း ပြည်သူလူထု ထိခိုက်မှုမရှိအောင် သတိပြုလုပ်ဆောင်သည်ဟု ဆိုသည်။

အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ည ၈ နာရီကျော်ပါက အပြင်မထွက်ကြရန်နှင့် ကားများ သွားလာခြင်းမပြုကြရန် သတိပေးထားသော်လည်း မလိုက်နာသည့် ဆီသယ်ယာဉ်တစ်စီး မန်းကျီးလျှိုတံအနားအနီးတွင် ဖောက်ခွဲသတိပေးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့ဝင်က ပြောသည်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ထီးချိုင့် မြို့မရဲစခန်းကို လက်နက်ကြီးဖြင့် နှစ်ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း ထီးချိုင့်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း တာဝန်များမှ အသီးသီးနှုတ်ထွက်သွားသဖြင့် ထီးချိုင့် PDF အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ အခြေခံအုပ်ချုပ်ရေးယန္တယားတစ်ခုလုံး ရပ်ဆိုင်းအောင် ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၂၄ ရက်ကတည်းက ည ၈ နာရီနောက်ပိုင်း ပြည်သူများအနေဖြင့် အပြင်မထွက်ကြရန်နှင့် ကားများ၊ ယာဉ်များ သွားလာခြင်းမပြုရန် သတိပေးထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...