မော်လမြိုင်မြို့ရှိ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်

မော်လမြိုင်မြို့ရှိ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်

မော်လမြိုင်မြို့ရှိ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့ ညနေ့ ၆ နာရီကျော်ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးရှေ့နေရာ အနည်းငယ်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

"အုပ်ကြီးရုံးရှေ့မှာ ပေါက်တာ၊ အသံတော့ တအားကျယ်တယ်၊ ရုံးရှေ့ နည်းနည်းတော့ ပျက်စီးတာတော့တွေ့ရတယ်၊ လူတွေဘာတွေတော့ ထိခိုက်တာတော့ မတွေ့ရဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာဆိုရင် မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနဲ့ မိတ်ဖက်အဖွဲ့တွေ လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 
 

 

 

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...