သိမ်ဇရပ် PDF မှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

သိမ်ဇရပ် PDF မှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာ (ဓမ္မဒူတဘုရားအနီး) ရှိ Mytel တာဝါတိုင်ကို အောက်တိုဘာလ ၄ ရက်နေ့ညက သိမ်ဇရပ် PDF အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို ၎င်းတို့အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းကိုလည်း သိမ်ဇရပ် PDF အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

"အသံတော့ကြားလိုက်တယ် အကျယ်ကြီးဘဲ။ စုံစမ်းကြည့်တော့ မိုင်တဲတိုင် ဖောက်ခွဲခံရတယ်လို့ သိရတယ်။ ပျက်စီးမှုတွေတော့ရှိတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးထောင်ဖောက်ခွဲဖျက်စီးခံရတာကြောင့် တိုင်အောက်ခြေရှိ စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုံးခွကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးတင်ဝင်းနေအိမ်ကိုလည်း ဒီကနေ့ညမှာ အမည်မသိ သေနတ်သမားတစ်စုမှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဦးတင်ဝင်းမှာ နေအိမ်မှာမရှိတာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

သိမ်ဇရပ်မြို့အနီးဝန်းကျင်နေရာတွေမှာ မကြာခဏ ဗုံးပေါက်ကွဲတာ၊ စစ်ကောင်စီတပ်ယာဉ်တန်းတွေ မိုင်းဆွဲခံရတာ၊ ဒလန်တွေ၊ သတင်းပေးတွေ မကြာခဏ အသတ်ခံရတာတွေ ဖြစ်ပေါ်နေပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...