သိမ်ဇရပ် PDF မှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

သိမ်ဇရပ် PDF မှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာ (ဓမ္မဒူတဘုရားအနီး) ရှိ Mytel တာဝါတိုင်ကို အောက်တိုဘာလ ၄ ရက်နေ့ညက သိမ်ဇရပ် PDF အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို ၎င်းတို့အဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းကိုလည်း သိမ်ဇရပ် PDF အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

"အသံတော့ကြားလိုက်တယ် အကျယ်ကြီးဘဲ။ စုံစမ်းကြည့်တော့ မိုင်တဲတိုင် ဖောက်ခွဲခံရတယ်လို့ သိရတယ်။ ပျက်စီးမှုတွေတော့ရှိတယ်" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးထောင်ဖောက်ခွဲဖျက်စီးခံရတာကြောင့် တိုင်အောက်ခြေရှိ စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုံးခွကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးတင်ဝင်းနေအိမ်ကိုလည်း ဒီကနေ့ညမှာ အမည်မသိ သေနတ်သမားတစ်စုမှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဦးတင်ဝင်းမှာ နေအိမ်မှာမရှိတာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

သိမ်ဇရပ်မြို့အနီးဝန်းကျင်နေရာတွေမှာ မကြာခဏ ဗုံးပေါက်ကွဲတာ၊ စစ်ကောင်စီတပ်ယာဉ်တန်းတွေ မိုင်းဆွဲခံရတာ၊ ဒလန်တွေ၊ သတင်းပေးတွေ မကြာခဏ အသတ်ခံရတာတွေ ဖြစ်ပေါ်နေပါတယ်။

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...