ဧရာဝတီတိုင်းအတွင်း ကုန်းကြောင်း ရေကြောင်းများ လုံခြုံရေးတင်းကြပ်

ဧရာဝတီတိုင်းအတွင်း ကုန်းကြောင်း ရေကြောင်းများ လုံခြုံရေးတင်းကြပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြောင်းလမ်းရှိသော မြို့များ၏ ဆိပ်ကမ်းနှင့် မြစ်ချောင်းများဆုံရာနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က လုံခြုံရေးအတွက်ဆိုကာ ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်နေသည်။

ယခု အောက်တိုဘာလဆန်းမှစတင်၍ စစ်ဆေးနေခြင်းဖြစ်ပြီး အထူးသဖြင့် ပင်လယ်ပြင် ထွက်ပေါက်၊ ရန်ကုန်၊ ဒေသတွင်းကျေးလက်များနှင့် ရေကြောင်းလမ်းများ ဆက်စပ်နေသည့် မြို့ဆိပ်ကမ်းများနှင့် မြစ်များအတွင်း ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်ဆိပ်ကမ်းတွင် ရှာဖွေခံရသည့် ရေယာဉ်ဆလင် (ရေယာဉ်မောင်းနှင်သူ) တစ်ဦးက "ဘာရှာနေသလဲ ဘယ်သူ့ရှာနေသလဲ မသိပါဘူး။ လုံခြုံရေးအတွက်လို့ပြောတယ်။ ပစ္စည်းတွေကို မိုင်းရှင်းတဲ့ စစ်သားတွေနဲ့ရှာတယ်ဆိုတော့ လက်နက်လို ဗုံးလိုဟာမျိုး ရှာတာနေမယ်" ဟု ပြောသည်။

မြစ်တွင်းသွားလာနေသည့် ခရီးသည်တင်ရေယာဉ်များ ကုန်တင်ရေယာဉ်များ၊ စက်လှေဆိပ်၊ ကူးတို့ဆိပ်၊ သင်္ဘောဆိပ်များရှိ ဆိုက်ကပ်ထားသည့် စက်လှေ၊ သင်္ဘော၊ လှေ၊ သမ္မန်များကို စစ်ကောင်စီတပ်ဖွဲ့များက တက်ရောက် စစ်ဆေးရှာဖွေနေသည်ဟု ဧရာတီတိုင်း ရေကြောင်းပို့ဆောင်ရေး ဌာန ဝန်ထမ်းအချို့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်နှင့် တတိယအပတ်အတွင်းက ရခိုင်ရိုးမတောင်ကျောနှင့် တစ်ဆက်စပ်တည်းရှိသည့် ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ကန်ကြီးထောင့်၊ သစ်တောများအတွင်း PDF များကို စစ်ကြောင်းထိုး ရှာဖွေခဲ့သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

"PDF တွေက Mytel တာဝါတိုင် ဖြိုတာတွေ ဒလန်သုတ်သင်တာတွေ လုပ်လာပြီးနောက်ပိုင်း လုံခြုံရေး ပိုတင်းကြပ်လာတယ်" ဟု အသက် ၆၅ နှစ်အရွယ်ခန့် စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင်း၌ PDF များ၏ ဒလန်သုတ်သင်မှု ၆ ကြိမ်ရှိခဲ့ပြီး၊ ဒလန် ၄ ဦးသေဆုံးခဲ့ကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဒေသအတွင်း ဗုံးခွဲတိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ပုသိမ်မြို့ဘဏ်အနီးရှိ စစ်ကောင်စီ၏ ယာယီကင်းစခန်း ပေါက်ကွဲမှုတွင် စစ်သား ၄ ဦး ဒဏ်ရာရခဲ့ကာ၊ Mytel ဖုန်း တာဝါတိုင် ၅ တိုင် ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...