ဖားအံမြို့ တပ်မ ၂၂ ရှေ့ ချိန်ကိုက်မိုင်း ၁ လုံးပေါက်ကွဲ အုတ်တံတိုင်းနှစ်ကန့် ပျက်စီးခဲ့ဟု သိရ

ဖားအံမြို့ တပ်မ ၂၂ ရှေ့ ချိန်ကိုက်မိုင်း ၁ လုံးပေါက်ကွဲ အုတ်တံတိုင်းနှစ်ကန့် ပျက်စီးခဲ့ဟု သိရ

ကရင်ပြည်နယ် ဖားအံမြို့ရှိ တပ်မ ၂၂ အရှေ့တွင် ယနေ့အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

ထိုမိုင်းပေါက်ကွဲမှုကြောင့် တပ်အရှေ့ အုတ်တံတိုင်း ၂ ကန့်ခန့် ပြိုကျပျက်စီးသွားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဒီကနေ့ ည ၇ နာရီဝန်းကျင်က ဖြစ်သွားတာ။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ မိုင်းပေါက်ကွဲမှုကြောင့် တပ်အရှေ့ ဝင်းခတ်ထားတဲ့ အုတ်တံတိုင်း ၂ ကန့် ပြိုကျပျက်စီးသွားပါတယ်။ လူထိခိုက်ဒဏ်ရာရမှု ရှိ/မရှိအခြေအနေကို အသေးစိပ်မသိရသေးဘူး” ဟု ၎င်း စစ်ကောင်စီတပ်နှင့်နီးစပ်သူက ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲမှု ဖြစ်သွားပြီးနောက် တပ်မ ၂၂ အရှေ့တွင် စစ်ကောင်စီအဖွဲ့မှ လမ်းပေါ်တွင်သွားလာနေသည့် ယာဉ်များအား ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေသလို ဖားအံမြို့ပေါ် နေရာတစ်ချို့တွင်လည်း ယာဉ်ကြောပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...