UNFC နှင့် အစိုုးရကြား ဆွေးနွေးရန် အချက်များ ကျန်ရှိနေဆဲဖြစ်

UNFC နှင့် အစိုုးရကြား ဆွေးနွေးရန် အချက်များ ကျန်ရှိနေဆဲဖြစ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညှိုနိုုင်းရာတွင် ကွဲလွဲနေသည့် စကားလုံးအသုံးအနှုန်းများ၊ ဝေါဟာရများ အပြင် အခြေခံအားဖြင့် မတူညီသည့် နားလည်မှုများအား ညှိနှိုင်းရေးမှာ မိမိတို့အတွက် အဓိက ကျော်ဖြတ်ရမည့် အခက်အခဲဖြစ်သည်ဟု တိုုင်းရင်းသား တပ်ပေါင်းစု ကုုိယ်စားလှယ်အဖွဲ့ ဒီပီအင်န် အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ကပြောသည်။

“ကျနော်တို့ လာမယ့် ဆဌမအကြိမ် တွေ့ဆုံပွဲမှာ ကျနော်တို့ အဓိကထားပြီး ဝေါဟာရ အရရော အသုံးအနှုန်းပါ ကျနော်တို့ နည်းနည်းလေး ကွဲလွဲနေတာတွေရယ် နောက်ပြီးတော့ ကျနော်တို့ ပြန်ညှိဖို့ လိုအပ်တယ်လို့ အခြေခံ နားလည်ထားချက်တွေ ကျနော်တို့ အဓိက ဇောင်းပေးပြီး ဆွေးနွေး အဖြေရှာတာပေါ့နော။ အဲတော့ ဒီနေရာမှာ အထူးသဖြင့်ကတော့ ထစ်ဆို့တယ်လို့လည်း ပြောလို့လဲ ရသလို ကျနော်တို့အတွက် ကျော်ဖြတ်ရမဲ့ အခက်အခဲ လို့လည်း ပြောလို့ရမယ်လို့လဲ ထင်ပါတယ်” ဟုပြောသည်။

ဇွန်လ ၁၀ ရက်နေ့က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် Peace Commission အဖွဲ့တိုု့ ထိုုင်းနိုုင်ငံ ချင်းမိုုင်မြို့တွင် တွေ့ဆုံအပြီး သတင်းထောက်များအား ခူးဦးရယ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

စကားလုံုးအသုံုးအနှုန်းများအပေါ်တွင် တဘက်နှင့်တဘက် အဓိပ္ဗာယ် ကောက်ယူမှု ကွဲလွဲမှုများ ရှိနေနိုုင်ခြင်းလည်း ဖြစ်သည်။
အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင် Peace Commission အဖွဲ့မှ ဦးအောင်စိုုးကမူ ကွဲလွဲမှုများမှာ ကြီးကြီးမားမား မဟုုတ်ဟုပြောသည်။

“အခက်အခဲ အဟန့်အတားကတော့ အကြီးအကျယ် မဖြစ်ပါဘူး။ အရင်ကတည်းက ကျနော်တို့ မူအားဖြင့် သဘောတူထားတဲ့ ကျနော်တို့ ဒီ ပြည်ထောင်စုမှာ ပြဌာန်းဆိုတဲ့ စကားလုံးမျိုးလေးတွေပါ ပြည်ထောင်စုရဲ့ လုပ် ပိုင်ခွင့်ကို ကျနော်တို့က ကျနော်တို့ အဆင့်မှာ လုပ်သလိုဖြစ်လို့ ဒီဟာကို နှစ်ဖက် သဘောတူထားပါတယ်။ ပြည် ထောင်စုမှာ ပြည်ထောင်စု ကိုယ်စားလှယ်တွေ လုပ်ရမယ့် အလုပ်ဖြစ်လို့ ဒီပြဌာန်းဆိုတာ မပါလည်း ဖြစ်တယ် ဆို တာ နှစ်ဖက် သဘောတူတာပါ။ ဒီလိုစကားလုံးမျိုးပါ” ဟု ဦးအောင်စိုး မှ ပြောသည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုအား အဖြေကောင်းထွက်မည့် သဘောတူညီချက်များ ရရှိပြီး ရလာဒ်များသည် အားရကျေနပ်မှုရှိသည်ဟု ဦးအောင်စိုုးမှ ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ဒီပီအင်န်နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့အကြား အချက် ၉ ချက်အား မူအားဖြင့် သဘောတူထားသော်လည်း တပ်မတော်နှင့် ဒီပီအင်န်တို့ကြား အမြင်သဘောထား အနည်းငယ်ကွာဟမှုရှိနေပြီး နောက်လာမည့် ဆဌမအကြိမ် တွေ့ဆုံပွဲတွင် နှစ်ဖက်စလုံး သဘောတူ လက်ခံနိုင်မည့် နည်းလမ်းကို အတူတကွ ရှာကြရန် ဆွေးနွေး ခဲ့ကြသည်ဟု ဒီပီအင်န်က ပြောသည်။

“အထူးအထွေတော့ မရှိပါဘူး ကျနော်တို့ ညှိနှိုင်းအဖြေရှာတယ်ဆိုတာကတော့ ဒီ ဆွေးနွေး သဘောတူမယ့် အကြောင်းအရာပေါ်မှာ အခြေခံ ပြီးတော့ အသုံးအနှုန်း အပြောင်းအလဲလေးတွေတော့ရှိမယ်။ ဆိုတဲ့သဘောကို ပြောတာပါ ရှင်းရှင်းပြောရရင်တော့ ဥပမာ နိုင်ငံတကာ ပါ၀င်မှု အခန်းကဏ္ဍနဲ့ ပါတ်သက်လို့ ကျနော်တို့က UN ပလက်ဖောင်းလို့ ယေဘုယျအားဖြင့် သဘောတူထားတာလေ ဆိုတော့ အဲဒီ UN ပလက်ဖောင်းဆိုတာမျိုးကို ကျနော်တို့က အခြားသောနည်းလမ်း တစ်ခုခုနဲ့ ကျနော်တို့ သဘောတူညီမှု ရသွားမယ်ဆိုလိုရရှိရင်လည်း ပြောင်း လဲသွားမယ့် သဘောတူညီမှုအပေါ် အခြေခံပြီးတော့ အသုံးအနှုန်းတွေလည်း ပြောင်းလဲမယ်ဆိုတဲ့ သဘောပါပဲ။ ဒါကိုပဲ ဆိုလိုတာပါ” ဟု ခူးဦးရယ် မှ ဆက်ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် ဒီပီအင်န်အဖွဲ့တိုု့ လာမည့် ဇူလိုုင်လအတွင်း ရန်ကုုန်မြို့တွင် ဆဌမအကြိမ် တရားဝင် ထပ်မံ တွေ့ဆုံုဆွေးနွေးကြရန် သဘောတူညီခဲ့ကြသည်။

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ တင်ပြထားသည့် အချက် ၉ ချက်အား နှစ်ဖက်သဘောတူညီမှု ရရှိခဲ့မည်ဆိုပါက ကတိကဝတ်စာချူပ်(DOC) ချူပ်ဆိုုနုုိင်ဖိုု့ စီစဉ်မည်ဟု ခူးဦးရယ်ကပြောသည်။

“ဟိုု ကျနော်တိုု့ အရင်က ပြောထားတာ ရှိပါတယ်လေ ကျနော်တိုု့ဒီ အဆိုုပြုမူ ၈ ချက်နဲ့ ပတ်သက်ပြီးတော့ သဘောတူ လက်ခံနိုုင်တဲ့ အခြေအနေ ရောက်တယ်ဆိုုလိုု့ရှိရင် ကျနော်တိုု့ ကတိကဝတ် ပြုတဲ့အနေနဲ့ပေါ့နော် NCA မထိုုးနုုိင်ခင် စပ်ကြားမှာ ဒီးအော့ဖ်ကွန်မင့်မန့် သဘောမျိုး DOC အဖြစ် ကျနော်တိုု့က လက်မှတ် ရေးထိုုး မယ် ဆိုုလိုုတာကတော့ ၈ ချက်ကိုု ကျနော်တိုု့က ခိုုင်မာစေချင်လိုု့ ညှိနှိုင်းဆွေးနွေးတာလေ။ ဆိုုတော့ ကတိ ကဝတ် ချူပ်ဆုုိမယ် ဆိုုတာကတော့ ဒီ ၈ ချက်ကိုု ကျနော်တိုု့က အခိုုင်အမာညှိနှိုင်းအဖြေရှာလိုု့ သဘောတူပြီ ဆိုုတဲ့ ဟာမျိုးကိုု ကျနော်တိုု့ အရင်လုုပ်မှာ ဖြစ်ပါတယ်။ ဒီအဆင့်ကိုု ကျော်လွန်ပြီးမှပဲ ကျနော်တိုု့ NCA လက်မှတ် ထိုုးနိုုင်တဲ့ အခြေအနေရဲ့ အခင်းအကျင်းကိုုတော့ ဆက်လက်ညှိနှိုင်းအဖြေရှာဖိုု့ ဖြစ်ပါတယ်။ ဒါကတော့ NCA ကိုု ဘယ်အချိန် ထိုုးနိုုင်မှာလဲ ဆိုုတာကတော့ မပြောနိုုင်ပေမယ့်လိုု့ ကျနော်တိုု့ရဲ့ ဆွေးနွေးချက် ၈ ချက်နဲ့ NCA ကိုု ဘယ်လိုုချိတ်ဆက်မလဲဆိုုတဲ့ အခြေခံ ပေါင်းကူးတံတားပဲ ဖြစ်ပါတယ်” ဟုပြောသည်။

၂၁ ရာစုု ဒုုတိယအကြိမ် ပင်လုံုညီလာခံအပြီး ပထမဆုံုး ပြန်လည်တွေ့ဆုံုခဲ့ကြသည့် ယနေ့ အစည်းအဝေးကိုု အစိုုးရ ငြိမ်းချမ်းကော်မရှင်အဖွဲ့ဖက်မှ ဦးအောင်စိုုး ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးကျော်လင်းဦး တိုု့ ပါ၀င်တက်ရောက်ခဲ့ကြသလို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ် စီ) ၏ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့တွင် ခူးဦးရယ် ဦးဆောင်ပြီး ဒေါက်တာ နိုုင်ရွှေသိန်း၊ ဦးထွန်းဇော်၊ ဒူဝါး ဘဝမ်လရော်၊ ဗိုုလ်မှူးကြီး ဆော်လမွန်၊ ဗိုုလ်မှူးကြီး မင်းထွန်းနဲ့ ဗိုုလ်မှူး ဟတ်ဟန် တိုု့ တက်ရောက်ခဲ့ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...