မြဝတီမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များမှ လုံခြုံရေး တင်းကြပ်စစ်ဆေးမှုကြောင့် ဒေသခံများသွားလာရေးခက်ခဲနေ

မြဝတီမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များမှ လုံခြုံရေး တင်းကြပ်စစ်ဆေးမှုကြောင့် ဒေသခံများသွားလာရေးခက်ခဲနေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ကျေးရွာများဖြစ်သော ဘဲဟိကလော်၊ ထီးမယ်ဝါးခီး၊ လေးကေကော်၊ ဖလူးကြီး၊ ဖလူလေးကျေးရွာ သေဘောဘိုး၊ ဝေါလေ ဒေသတစ်လျှောက် ကျေးရွာများမှ ဒေသခံများ မြဝတီမြို့သို့လာရာတွင် ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက်က စစ်ကောင်စီတပ်များမှ လုံခြုံရေးတင်းကြပ်စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ ၅၆၀) မှ အင်အား ၃ဝ ခန့်က မယ်ထော်သလေးလမ်းဆုံတွင် ဒေသခံကားများအား စစ်ဆေးနေခြင်းဖြစ်သည်။

“မနက်က ၉ နာရီလောက်က မယ်ထော်သလေးကျေးရွာနဲ့ ဘဲဟိကလော် လေးကေကော်ဘက်သွားတဲ့ လမ်းဆုံနားမှာ စစ်တပ်က လာသမျှ ကား၊ ဆိုင်ကယ်တွေကို စစ်တယ်။ ဘယ်ကလာတယ် ဘယ်ကိုသွားမယ်။ ဘယ်ရွာမှာနေတယ် ဆိုတာတွေမေးတယ်။ ဒေသခံဟုတ်/မဟုတ် စစ်တယ်။ ကျနော့်တို့လည်း မြဝတီ မသွားရဲတော့ဘူး။ ရွာဘက်ပြန်လှည့်လာလိုက်တယ်။ အခုတလောက လေးကေကော်ရွာတို့ ဖလူး မင်းလက်ပံဘက်တို့က စစ်တပ်စစ်ကြောင်းတွေ ခဏခဏလာနေကြတော့ တိုက်ပွဲဖြစ်မှာ ကြောက်တယ်” ဟု ဘဲဟိကလော်ရွာသား စောဒီးပိန်က ပြောသည်။

KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေဒေသအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းများ မကြာခဏ ကျေးရွာများသို့ ရောက်ရှိ အခြေချ စစ်ဆေးမှုများ ပြုလုပ်လာချိန်တွင် ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်လာနိုင်သည့် အခြေအနေများကြောင့် ဒေသခံများ စားဝတ်နေရေးနှင့် သွားလာရေးအခက်အခဲများ ရှိနေခြင်းဖြစ်သည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...