ပုလောမြို့နယ်အတွင်း လူတစ်ဦး ပစ်သတ်ခံရ

ပုလောမြို့နယ်အတွင်း လူတစ်ဦး ပစ်သတ်ခံရ

ပုလောမြို့နယ်အတွင်း လှေလိုက်သူတစ်ဦး အောက်တိုဘာ ၁ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရသည်။

သေဆုံးသူများ ပုလောမြို့နယ် ပုလောကုန်းကျေးရွာက လှေလိုက်နေသူ ကိုမျိုးမင်းထိုက် အသက် ၃၉ နှစ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကိုမျိုးမင်းထိုက်ကို သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် အင်းမကျေးရွာနှင့် ကျောက်လိပ်ကျေးရွာအကြားတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုမျိုးမင်းထိုက် အလောင်းအနီးတွင် ကိုးလုံးကျည်ဟုခေါ်သည့် ကျည် ၂၅ တောင့်နှင့် တူမီးသေနတ်တစ်လက် တွေ့ရှိရပြီး အဆိုပါပစ္စည်းများသည် ကိုမျိုးမင်းထိုက်၏ ပစ္စည်းများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ပုလောကုန်းကျေးရွာက ရွာသားတစ်ဦးက ပြောသည်။

“ညက ရွာထဲမှာ ပျူစောထီးတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေတာကြားတယ်။ သေနတ်ကိုင်ပြီး ရမ်းကားတတ်တာဆိုလို့ ရွာမှာ သူတို့ပဲရှိတယ်။ သေသူရဲ့ဖုန်းကို ပုလောကုန်းပြည်သူ့စစ်က သိမ်းယူထားတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

အင်းမကျေးရွာနှင့် ကျောက်လိပ်ကျေးရွာအကြားတွင် ကိုမျိုးမင်းထိုက်၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်ကို အတိအကျ မသိရသေးသော်လည်း ညပိုင်းကတည်းက ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်းနှင့် သေဆုံးသူကို ပျူစောထီးအဖွဲ့များက ပစ်ခတ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

“အစ်ကိုက လှေလိုက်နေတဲ့သူပါ။ အနေလည်းအေးပြီး ရန်ညှိုးရန်စမျိုးလည်းမရှိဘူး။ တူမီးသေနတ်နဲ့ ကျည်ဆံတွေက ကျနော့်အကိုဟာမဟုတ်ပါဘူး။ တမင်အကွက်ဆင်တာဖြစ်လိမ့်မယ်“ ဟု သေဆုံးသူ၏ ညီဝမ်းကွဲက ပြောသည်။

ထိုသို့ သေဆုံးမှုနှင့်ပတ်သက်၍ PDF များက လုပ်ကြံသည်ဟူသည့် သတင်းမှားလွှင့်ခြင်းမျိုးလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကိုမျိုးမင်းထိုက် ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိမေးမြန်းနိုင်ရန်အတွက် ပုလောမြို့မရဲစခန်းသို့ စုံစမ်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...