ဖိုးဝါးသိမ် ကျေးရွာမှ အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဖိုးဝါးသိမ် ကျေးရွာမှ အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာမှ အမျိုးသားတစ်ဦး အောက်တိုဘာလ ၂ ရက်နေ့ညပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူမှာ အသက် ၅၀ ဝန်းကျင်ရှိတဲ့ ဦးမြင့်သန်းဆိုသူဖြစ်ပါတယ်။

မနေ့ည ၇ နာရီဝန်းကျင်မှာ သေဆုံးသူ ဦးမြင့်သန်းက နေအိမ်မှာရှိနေစဉ် ဆိုင်ကယ်ဖြင့်လာသူ လူတစ်စုမှ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သေနတ်နဲ့လာပစ်သွားတာ။ သေသွားတယ်လို့ သိရတယ်။ သေနတ်သံတော့ သုံးလေးချက်လောက်ရှိမယ်။ သေနတ်နဲ့လာပစ်တဲ့သူတွေက ပစ်ပြီးတာနဲ့ ထွက်ပြေးသွားတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိလိုက်ဘူး။ သူက ကြံ့ခိုင်ရေးပါတီဝင်လို့တော့ ကြားတယ်။ ဟုတ် မဟုတ်တော့ သေချာမသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးမြင့်သန်း သေနတ်နဲ့ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦသန်းထွန်းဝင်းမှာ  အလူးလေးကျေးရွာရှိ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်ကို ကျေးရွာလမ်းမှာ သေနတ်သမား ၂ ဦးမှ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေ အလူးလေးကျေးရွာသွားလမ်းပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

 

 
 

 

 

ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...