ပြည်ပဈေးကွက် ပျက်သွားလို့ တပိုင်တနိုင်ငါးလုပ်ငန်း လုပ်ကိုင်သူတွေ စီးပွားရေး ကြပ်တည်း

ပြည်ပဈေးကွက် ပျက်သွားလို့ တပိုင်တနိုင်ငါးလုပ်ငန်း လုပ်ကိုင်သူတွေ စီးပွားရေး ကြပ်တည်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တပိုင်တနိုင် အသက်မွေးဝမ်းကြောင်းလုပ်နေသူတွေဟာ စီးပွားရေးကြပ်တည်းလာပြီး စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

သထုံခရိုင်အတွင်းက တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း စက်သုံးဆီဈေး မြင့်တက်လာနဲ့အတူ ဖမ်းမိတဲ့ငါးတွေကို ပြန်လည်ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဝမ်းဝရုံသာ လုပ်ကိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။

“ကိုဗစ်ဖြစ်ကတည်းက ငါးဈေးကမရ။ ခုက ဆီဈေးတွေတက်။ ငါးအထိမိကလည်း မကောင်းဆိုတော့ တနေ့တခြားဝင်ငွေ ပိုပိုနည်းလာတယ်။ ငါးတွေက ပြည်ပမထွက်တော့ ရလာတဲ့ ငါးတွေကိုလည်း ဒေသဈေးတွေမှာဘဲ ရောင်းနေရတော့ အကျိုးအမြတ်က သိပ်မရှိဘူး။ ငါးဒိုင်တွေကလည်း မဝယ်သလောက်ဘဲ။ ဒါပေမယ့်လည်း စားဝတ်နေရေးကရှိသေးတော့ ဒီတိုင်းထိုင်စားနေလို့ကလည်း မဖြစ်ဘူး။ အလုပ်လုပ်နေတာကမှ အကျိုးအမြတ်မရပေမယ့် စားနေရသေးတယ်။ အလုပ်ရပ်လိုက် ရမယ်ဆိုရင်တော့ ငတ်မှာဘဲ” လို့ ရေလုပ်သားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထို စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ တရားမဝင် သံဇကာပိုက်တွေနဲ့ ငါးခိုးဖမ်းသူတွေမှာလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာတဲ့ ငါးသယံဇာ ပြုန်းတီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ကျိုက်ထိုဘက် စစ်တောင်းမြစ်ဝန်းကျင်မှာဆို တရားမဝင် သံဇကာပိုက်တွေနဲ့ စည်ကမ်းမဲ့ ငါးဖမ်းတာက အဆိုးဆုံးဘဲ။ အရင် မဲဆွယ်ကာလတုန်းကလည်း တရားမဝင်ငါးဖမ်းသူတွေက လွတ်လွတ်လပ်လပ် လုပ်ခွင့်ရခဲ့သလို ခုအချိန်မှာ ပိုတောင်ဆိုးလာနေသေးတယ်။ စည်းကမ်းမဲ့ ငါးဖမ်းတာက အချိန် ၂ နှစ်ကျော်လောက် လုပ်ခဲ့ကြတာဆိုတော့ ငါးသယံဇာတက ပိုရှားလာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာတာနဲ့အတူ သွင်းအားစုကုန်ပစ္စည်းတန်ဖိုး ဆက်တိုက်မြင့်တက်လို့ အောက်ခြေလူတန်းစားတွေဟာ စားဝတ်နေရေး အခက်အခဲတွေကို ကြပ်တည်းစွာ ရင်ဆိုင်နေရပါတယ်။

Most read this week

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...