Mytel တာဝါတိုင်တွေအနီး စစ်ကောင်စီက မြေမြုပ်မိုင်းထောင်းထားလို့ ဒေသခံတွေ စိုးရိမ်နေရ

Mytel တာဝါတိုင်တွေအနီး စစ်ကောင်စီက မြေမြုပ်မိုင်းထောင်းထားလို့ ဒေသခံတွေ စိုးရိမ်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နဲ့မြိတ်ခရိုင်တွေထဲက Mytel တာဝါတိုင်တွေအနီးမှာ စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းထောင်ထားတာကြောင့် ဒေသခံတွေက စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ စီးပွားရေးထောက်တိုင်တွေဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထားတိုက်ခိုက်ကြတဲ့နောက်မှာ အခုလို စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဒေသက Mytel တာဝါတိုင်တွေဟာ လူနေအိမ်ပတ်ဝန်းကျင်အပြင် ကွင်းပြင်တွေအနားမှာပါ ရှိတာကြောင့် တိရစ္ဆာန်တွေရဲ့ စားကျက်မြေအတွက်ပါ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့ရဲ့ Mytel တာဝါတိုင်ကို မိုင်းခွဲခံရတယ်။ မီးရှို့ခံရတာတွေ နောက်ပိုင်းမှာ တာဝါတိုင်တွေ အနီးဝန်းကျင်တွေမှာ မိုင်းတွေထောင်ထားတာရှိတယ်လို့ ကြားသိရတယ်။ အဲဒီတော့ စိုးရိမ်မှုတွေရှိတာပေါ့။ တာဝါတိုင်တွေဆိုတာက လူနေအိမ်ကြားထဲမှာလည်းရှိတယ်။ လယ်ကွင်းတွေ ကွင်းပြင်တွေနားမှာလည်းရှိတယ်။ မဆိုင်တဲ့ လူတွေ တိရစ္ဆာန်တွေ ထိခိုက်မှုဖြစ်မှာတော့ စိုးရိမ်နေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ တနင်္သာရီမြို့နယ်က တကူကျေးရွာမှာ Mytel တာဝါတိုင်ဝင်းထဲ ဝင်းသွားခဲ့တဲ့ နွားတစ်ကောင်ဟာ မြေမြုပ်မှိုင်းနင်းမိပြီး ရှေ့ခြေထောက် ပြတ်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ရေဖြူ မြို့နယ်၊ နဘုလယ်ကျေးရွာအနီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဧရိယာထဲက Mytel တာဝါတိုင်အနီးမှာ နွားတစ်ကောင် မြေမြုပ်မိုင်းနင်းမိရာမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...