ပုသိမ်-မော်တင်ကားလမ်း မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

ပုသိမ်-မော်တင်ကားလမ်း မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် ၁၄/၆ အနီး Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ၇ နာရီကျော်အချိန်ခန့်က ပေါက်ကွဲမှုကြောင့် သလပ်ခွာကျေးရွာအုပ်စု၊ စိန်တောင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် အောက်ခြေရှိ ထရန်ဖော်မာဝါယာကြိုးများနှင့် စက်များ ပျက်စီးသွားခဲ့ကြောင်း ပုသိမ်မြို့အခြေစိုက် Mytel ဖုန်းဆက်သွယ်ရုံး တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။

"လုပ်ငန်းသဘောအရ အထက်ကို သတင်းပို့ထားပါတယ်။ တာဝါတိုင်ဝန်ထမ်းတွေကို ထိခိုက်မှာစိုးရိမ်တယ်" ဟု Mytel ဖုန်းဆက်သွယ်ရေးရုံး တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီကို ဝင်ငွေရရာရကြောင်း အထောက်အပံ့ပေးနေသည့် ပစ်မှတ်တစ်ခုကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်ပြီး မြစ်ဝကျွန်းပေါ် ပြောက်ကျားတော်လှန်ရေးအဖွဲ့နှင့် ဧရာ (၁၄) အဖွဲ့နှစ်ဖွဲ့ ပူးပေါင်း၍ အဆိုပါ ဖုန်းတာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များက သတင်း ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် စက်တင်ဘာလအတွင်းမှစတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း စသည့် မြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင်များ မိုင်းခွဲမီးရှို့ဖျက်ဆီးခံရပြီး ပုသိမ်မြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရမှုမှာ ပဉ္စမမြောက်ဖြစ်သည်။

ကျိုက်လတ်မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များဖျက်ဆီးမှု မအောင်မြင်ခဲ့ခြင်းကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက မသင်္ကာသူ မအူပင်မြို့နယ်အတွင်းက ဒေသခံ ၆ ဦး၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် ၁ ဦး ဖမ်းဆီးထားသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...