ရှမ်းပြည်နယ် ၁၂ မြို့အတွက် လမ်းကြိတ်စက် နှင့် အမှိုက်သိမ်းယာဉ် ၁၂ စီးကို ပေးအပ်

ရှမ်းပြည်နယ် ၁၂ မြို့အတွက် လမ်းကြိတ်စက် နှင့် အမှိုက်သိမ်းယာဉ် ၁၂ စီးကို ပေးအပ်
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မှ ၁၂ မြို့အတွက် ယာဉ်၊ စက်၊ ယန္တရား ၁၂ စီး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမမှာ ယနေ့နံနက်ပိုင်း ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်မတို့ရဲ့ သိန္နီမြို့လေးဟာ အခွန်ဝင်ငွေနည်းတဲ့ မြို့ဖြစ်တယ်၊ ကိုယ့်ဝင်ငွေနဲ့ဆို ဒီယန္တရားတွေကို မဝယ်နိုင်ပါဘူး၊ ဒါကြောင့် နားလည်ပေးစေချင်ပါတယ်၊ နယ်မြို့တွေအတွက် တကယ် လိုအပ်နေတာပါ’’ ဟု သိန္နီမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပေးအပ်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုင်းစွံဆိုင်းက “ဒီလို လုပ် ဆောင်ပေးရတဲ့အပေါ် ပီတိဖြစ်မိသလို၊ လိုအပ်နေတဲ့မြို့တွေကို ဆက်လက်ဖြည့်ဆည်းပေးသွားမယ်’’ ဟု ပြောကြားကြောင်း သိရသည်။

ပေးအပ်ခဲ့သည့် ယန္တရား ၁၂ စီးတွင် အမှိုက်သိမ်းယာဉ် ၈ စီး နှင့် လမ်းကြိတ်စက် ၄ စီးပါဝင်ပြီး၊ သိန္နီမြို့နယ် အပါအဝင် ဆီဆိုင်၊ ရွာငံ စသည့် မြို့နယ်များနှင့် တစ်ခြားမြို့နယ်ခွဲများပါဝင်ကြောင်း သိရပါသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...