ပုလောမြို့နယ်တွင် “ပျူစောထီးအဖွဲ့ဝင်” လေးဦး ပစ်ခံရ၊ နှစ်ဦးသေ

ပုလောမြို့နယ်တွင် “ပျူစောထီးအဖွဲ့ဝင်” လေးဦး ပစ်ခံရ၊ နှစ်ဦးသေ

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ပြည်သူ့စစ်အဖွဲ့ဟု အမည်တပ်ထားသည့် ပျူစောထီးအဖွဲ့ဝင်လေးဦး သေနတ်ဖြင့်အပစ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၉ ရက်နေ့က ရှပ်ပုံကျေးရွာက ၄ ဦးနှင့် ကဒဲကျေးရွာက တစ်ဦးတို့အား သေနတ်သမားအချို့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။  

“အငိုက်မိပြီးတော့ ပစ်ခံလိုက်ရတာ အခုပစ်ခံရတဲ့သူတွေက အဖွဲ့ဝင်တွေ ခေါင်းဆောင်လုပ်သူတွေတော့ မပါဘူး” လို့ ‌ရှပ်ပုံကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ရှပ်ပုံကျေးရွာ ဝါးတန်းရပ် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးကို အမည်မသိအဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လေးဦးထဲက ဦးသိန်းဇော်ဌေးနှင့် သားဖြစ်သူ ရန်လင်းဇော်တို့ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွား‌ခဲ့သည်။

ကျန်နှစ်ဦးမှာ လက်ရှိတွင် ပုလောပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပုလောမြို့နယ် ကဒဲကျေးရွာက ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ခေါင်းဆောင် ဦးဝင်းအောင်ဆိုသူကိုလည်း စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ပုလောဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု အသက် ၄၀ အရွယ် ကဒဲကျေးရွာသားတစ်ဦးက ပြောသည်။

“သေနတ်နဲ့ အချက်အများကြီးပစ်သွားတာ။ ဒဏ်ရာက လေးချက်လောက်ရှိတယ်လို့ သွားကြည့်တဲ့သူတွေ ပြောနေကြတယ်။ ကျနော်တော့ မကြည့်ရဲလို့ မသွားခဲ့ဘူး။ ပုလောဆေးရုံမှာ အဆင်မပြေလို့ ရန်ကုန်ဆေးရုံတင်ဖို့ သွားနေပြီလို့ ကြားတယ်” ဟု ပြောသည်။

ထိုသို့ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများထဲသို့ ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ လူငယ်များအား လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ရှပ်ပုံကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခံထားရသူ လူငယ် ၁၀ ဦးခန့်ရှိနေကြောင်း သိရသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...