မြို့ပြစစ်ဆင်ရေး အရှိန်တိုးမြင့်တော့မှာဖြစ်လို့ ပြည်သူတွေ အသွားအလာသတိထားဖို့ PDF တိုက်တွန်း

မြို့ပြစစ်ဆင်ရေး အရှိန်တိုးမြင့်တော့မှာဖြစ်လို့ ပြည်သူတွေ အသွားအလာသတိထားဖို့ PDF တိုက်တွန်း

မော်လမြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ အာဏာသိမ်းစစ်အုပ်စုကို ပစ်မှတ်ထားတဲ့ မြို့ပြစစ်ဆင်ရေးတွေ အရှိန်တိုးမြင့်တော့မယ်လို့ PDF တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အုပ်စုက ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်အုပ်စုကျောထောက်နောက်ခံ ပြုနေသူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူလုထုတွေအနေနဲ့ စစ်အုပ်စုနှင့်ဆက်စပ်နေတဲ့ နေရာတွေကို တတ်နိုင်သမျှ ရှောင်ကွင်းသွားလာဖို့ PDF တွေက တိုက်တွန်းလိုက်ပါတယ်။

“အရှိန်မြင့်ပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပြည်သူတွေကို သတင်းစကားပါးချင်တာက သူတို့နဲ့ ဝေးတဲ့နေရာတွေမှာနေဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း လိုင်စင်လုပ်သူတွေနဲ့ စည်ကားနေတဲ့ မော်လမြိုင်မြို့က ကညနရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မနေ့ညပိုင်းမှာလည်း မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်အနီးနဲ့ လှိုင်ရပ်ကွက်တို့မှာလည်း ဗုံးပေါက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီ ဖောက်ခွဲမှုတွေဟာ ၄င်းတို့နဲ့ မသက်ဆိုင်ဘူးလို့ မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...