လေးကေကော်မြို့သစ်တွင် စစ်ကောင်စီတပ်မှ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်မေးမြန်းမှု လုပ်ဆောင်သည့်အတွက် ပြည်သူများစိုးရိမ်မှု မြင့်တက်

လေးကေကော်မြို့သစ်တွင် စစ်ကောင်စီတပ်မှ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်မေးမြန်းမှု လုပ်ဆောင်သည့်အတွက် ပြည်သူများစိုးရိမ်မှု မြင့်တက်

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သော ခမရ ၅၆၀ တပ်ရင်း လှုပ်ရှားစစ်ကြောင်းမှ အင်အား ၁၀၀ ခန့်သည် ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီအချိန်က မြဝတီမြို့တောင်ဘက် လေးကေကော် မြို့သစ်ရပ်ကွက်များအတွင်း ဝင်ရောက်လာပြီး ရပ်ကွက်နေ ဒေသခံပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်မေးမြန်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံတပ်များသည် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေကော်မြို့သစ် စစ်ဘေးရှောင် နေရပ်ပြန်လည်အခြေချနေထိုင်သည့် ဧရိယာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းသည် လေးကေကော်ရပ်ကွက်နေ ဒေသခံပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်မေးမြန်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖလူးကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...