CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို ထားဝယ်ပျောက်ကြားတပ်ဖွဲ့ သတိပေး

CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို ထားဝယ်ပျောက်ကြားတပ်ဖွဲ့ သတိပေး

တနင်္သာရီတိုင်းဒေသကြီးရှိ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို စက်တင်ဘာလ ၂၇ ရက်နေ့က ထားဝယ်ပျောက်ကြားတပ်ဖွဲ့ (Guerrilla Dawei) သတိပေးလိုက်ပါတယ်။

လတ်တလောအခြေနေမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူ ၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တွေအတွက် ကျန်းမာရေးမှူး (၄) ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ရာထူးနေရာအတွက် ဝန်ထမ်းသစ် ၉၀ ဦးကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အတွက် CDM ဝန်ထမ်းတွေရဲ့ နေရာမှာ အလုပ်ရရှိဖို့ လျှောက်ထားကြသူတွေအနေနဲ့ ပြစ်ဒဏ်ခံရချိန်မှာ နောင်တမရကြဖို့လိုတယ်လို့ ထားဝယ်ပျောက်ကြားတပ်ဖွဲ့ (Guerrilla Dawei) သတိပေးလိုက်တာပါ။

CDM ဝန်ထမ်းတွေနေရာမှာ အစားထိုးဝင်ကြတဲ့ သူတွေအနေဟာ စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ထောက်တိုင်အနေနဲ့ တာဝန်ထမ်းဆောင်ကြတဲ့အတွက် ထိရောက်တဲ့ပြစ်ဒဏ်ကို ခံစားစေရမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွက် CDM ဝန်ထမ်းတွေရဲ့ လစ်လပ်နေရာတွေမှာ သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းအသစ် ခန့်ထားရေးအတွက် အလုပ်လျှောက်လွှာ ခေါ်ယူနေမှုများရှိနေသလို လျှောက်ထားသူ အရေအတွက်မှာလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...