CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို ထားဝယ်ပျောက်ကြားတပ်ဖွဲ့ သတိပေး

CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို ထားဝယ်ပျောက်ကြားတပ်ဖွဲ့ သတိပေး

တနင်္သာရီတိုင်းဒေသကြီးရှိ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို စက်တင်ဘာလ ၂၇ ရက်နေ့က ထားဝယ်ပျောက်ကြားတပ်ဖွဲ့ (Guerrilla Dawei) သတိပေးလိုက်ပါတယ်။

လတ်တလောအခြေနေမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူ ၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တွေအတွက် ကျန်းမာရေးမှူး (၄) ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ရာထူးနေရာအတွက် ဝန်ထမ်းသစ် ၉၀ ဦးကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်အတွက် CDM ဝန်ထမ်းတွေရဲ့ နေရာမှာ အလုပ်ရရှိဖို့ လျှောက်ထားကြသူတွေအနေနဲ့ ပြစ်ဒဏ်ခံရချိန်မှာ နောင်တမရကြဖို့လိုတယ်လို့ ထားဝယ်ပျောက်ကြားတပ်ဖွဲ့ (Guerrilla Dawei) သတိပေးလိုက်တာပါ။

CDM ဝန်ထမ်းတွေနေရာမှာ အစားထိုးဝင်ကြတဲ့ သူတွေအနေဟာ စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ထောက်တိုင်အနေနဲ့ တာဝန်ထမ်းဆောင်ကြတဲ့အတွက် ထိရောက်တဲ့ပြစ်ဒဏ်ကို ခံစားစေရမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွက် CDM ဝန်ထမ်းတွေရဲ့ လစ်လပ်နေရာတွေမှာ သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းအသစ် ခန့်ထားရေးအတွက် အလုပ်လျှောက်လွှာ ခေါ်ယူနေမှုများရှိနေသလို လျှောက်ထားသူ အရေအတွက်မှာလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...