မီတာခမဆောင်ရင် မီတာပုံးတွေ ပြန်သိမ်းမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မီတာခမဆောင်ရင် မီတာပုံးတွေ ပြန်သိမ်းမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မွန်ပြည်နယ်မှာ မီတာခမဆောင်ရင် မီတာပုံးတွေ ပြန်သိမ်းယူဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ လျှပ်စစ်ဝန်ထမ်း‌တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မီတာခ မဆောင်ရင် မီးဖြတ်မယ်လို့ ဖိအားပေးလာပြီးနောက် အခုအခါမှာတော့ မီတာပုံးတွေကိုပါ ပြန်သိမ်းယူမယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

“မီတာခ မပေးဆောင်ရင် ပထမအဆင့်အနေနဲ့ ၇ ရက် (တစ်ပတ်) မီးဖြတ်မယ်၊ အဲ့ဒါမှမပေးရင် မီတာတွေကို ပြန်သိမ်းဖို့ အထိ ညွှန်ကြားချက်ပေးထားတာရှိတယ်” လို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ‌ေတာ့ စစ်ကောင်စီလျှပ်စစ်ဌာနက ပြည်သူတွေ မီတာခပေးဆောင်ကြဖို့ နေအိမ်တွေမှာ မီတာစာရွက်တွေ လိုက်လံဝေငှတာတွေ လုပ်ဆောင်နေပါတယ်။

အဲလို မီတာစာရွက်တွေ လိုက်လံဖြန့်ဝေရာမှာလည်း မီတာခတွေကို တလုံးတခဲတည်းပေးဆောင်ကြဖို့ ဖိအားပေးလာလို့ အခက်အခဲရှိနေကြတာ ဖြစ်ပါတယ်။

“သူတို့တွေက လာပေးရင် ၆ လအထိကို ဆောင်ခိုင်းတာတွေ ဆောင်တာနောက်ကျရင် ဒဏ်ကြေးကလည်း လအလိုက်က တပ်ခံထိသေးတယ်၊ ဒီကာလကလည်း ဘယ်သူကမှ စီးပွားရေးအဆင်မပြေဘူး၊ အကုန်လုံးက ကြပ်တည်းနေကြတာတွေချည်းပဲ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

မီတာခစာရွက်တွေ လိုက်လံဖြန့်ဝေနေတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ထားပါတယ်။

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...