ကော့ကရိတ်တွင် စစ်လေယာဉ်မကြာခဏ ပျံဝဲလာမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

ကော့ကရိတ်တွင် စစ်လေယာဉ်မကြာခဏ ပျံဝဲလာမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီစစ်လေယာဉ် မကြာခဏ လာရောက်ပျံဝဲမှုလုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်မှုမြှင့်တက်လျက်ရှိသည်ဟု သိရှိရသည်။

ယခုလို စစ်လေယာဉ်ပျံဝဲလာမှုအပေါ် ကော့ကရိတ်မြို့နယ်မှ ဒေသခံတစ်ဦးက "တခြားဒေသတွေလို ဗုံးလာကြဲမှာ ကြောက်တယ်ပေါ့နော်။ အခုက မိုးတွင်းလည်းဖြစ်၊ ကလေးခလောက်တွေနဲ့ စစ်ရှောင်ပြေး ရမယ်ဆိုလည်း အဆင်မပြေဘူး။ ပြီးတော့လည်း အစားအသောက်တွေလည်း အဆင်ပြေမှာမဟုတ်ဘူးလေ။" ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကော့ကရိတ်မြို့နယ်ထဲတွင် ဒရုန်းနှင့်ဖြစ်စေ၊ လေယာဉ်နှင့်ဖြစ်စေ စစ်ကောင်စီဘက်မှ မကြာခဏဆိုသလို လာရောက်ထောက်လှမ်းခြင်းများ ရှိသည်ဟုလည်း နယ်မြေခံတာဝန်ရှိသူများက ပြောဆိုသည်။

ယခင်လ ဩဂုတ်လ တတိယအပတ်က ကော့ကရိတ်တောင်ပိုင်း ကမိုင်ကုန်းနှင့် အံဖလေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၁၈) နှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်-စကခ (၁၃) တပ်ဖွဲ့တို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ စစ်လေယာဉ် လာရောက်ပျံဝဲမှု နှစ်ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလတုန်းကလည်း ကေအဲန်ယူ မူတြော်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ နယ်စပ်စခန်းအချို့ကို KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက သိမ်းပိုက်ရယူခဲ့ပြီးနောက် စစ်ကောင်စီဘက်က ကေအဲန်ယူ မူတြော်ခရိုင်နယ်မြေကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သောင်းနှင့်ချီသည့် ဒေသခံကရင်လူထုများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်နေရပ်မပြန်နိုင်သေး သူများ ရှိနေဆဲဖြစ်သည်။

ထို့အတူ လက်ရှိ ကေအဲန်ယူ တပ်မဟာ ၁ နှင့် ၃ နယ်မြေဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသလို တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ်ဘက်မှ ဒေသခံအမျိုးသမီးများကို ခေါ်ယူကာ အဓမ္မခိုင်းစေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...