ကသာမှ အရပ်သားညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရ

ကသာမှ အရပ်သားညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ ပရဟိတလုပ်ဆောင်နေသည့် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ညီအစ်ကိုနှစ်ဦးသည် ရပ်ကွက် ၉ ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်ထားသည့် ပစ္စက္ခပရဟိတ လူမှုကူညီရေးအသင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသူများဖြစ်သည်။

စက်တင်ဘာ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစ်ကိုဖြစ်သူ ကိုသန့်ဇင်ကို ဖမ်းဆီးသွားပြီး ညပိုင်းတွင် ညီဖြစ်သူ ကိုမြတ်ကိုကျော်ကို ထပ်မံဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“အစ်ကိုဖြစ်သူက မနက်ကပါသွားတယ်။ ညကျတော့ ညီကထပ်ပါသွားတော့ တအိမ်လုံး ပျာယာခပ်နေကြတာ“ ဟု ပြောသည်။

လိုက်ထရက်ကားပေါ်မှ အရပ်ဝတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဆင်းလာပြီး အစ်ကိုဖြစ်သူကို အရင်ဆုံး ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

ထို့နောက် ညနေ ၆ နာရီအချိန်ခန့်တွင် အရပ်ဝတ်နှင့် သေနတ်ကိုင်ထားသူများက အိမ်ကိုလာဝိုင်းထားပြီး ညီဖြစ်သူ ကိုမြတ်ကိုကျော်ကို ထပ်မံဖမ်းသွားသည်ဟု ဆိုသည်။

သို့သော် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကိုမြတ်ကိုကျော်သည် ကသာမြို့ အထက ၂ ကျောင်းမှ စာရေးကြီးတစ်ဦးဖြစ်ပြီး ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်ကာ CDM ဝင်ထားသူလည်း ဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကသာမြို့၊ ရပ်ကွက် ၉ မှ ပြည်သူ ၇ယောက်၊ ရပ်ကွက် ၇ မှ ပြည်သူ ၇ ယောက်၊ လမ်းခွကျေးရွာက ၃  ယောက် စုစုပေါင်း ၁၇ ယောက်ကို ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့ထဲမှ ၃ ဦးကို အကြမ်းဖက်ဥပဒေပုဒ်မတပ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့က ခြေလျင်တပ်ရင်း ၃၀၉ စစ်ကြောရေးသို့ ခေါ်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...