ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC အဖွဲ့ဝင်တို့ ချင်းမိုင်တွင်တွေ့ဆုံမည်

ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC အဖွဲ့ဝင်တို့ ချင်းမိုင်တွင်တွေ့ဆုံမည်
by -
မဇ္ဈိမ
ညီညွတ်သောတိုင်းရင်းသားလူုမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်တို့အကြား ဇွန်လ ၁၀ ရက်နေ့တွင် ချင်းမိုင်၌ အလွတ်သဘောတွေ့ဆုံမည်ကို အတည်ပြု သတ်မှတ်ထားကြောင်း UNFC တွဲဖက် အတွင်းရေးမှူး ဦးထွန်းဇော်က အတည်ပြုပြောဆိုသည်။

"ငြိမ်းချမ်းရေးကော်မရှင် ရုံးဘက်ကနေ ချင်းမိုင်မှာ လာမယ့် ၁၀ ရက်နေ့မှာ တွေ့ဆုံနိုင်မယ့်အကြောင်းကို အတည်ပြု လာပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ DPN ဘက်ကလည်း တွေ့ဆုံနိုင်ဖို့ကို လက်ခံလိုက်ပါတယ်" ဟု ဦးထွန်းဇော်က ဆိုသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ဘက်မှ တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ဖြစ်သည့် DPN တို့အကြား ညှိနှိုင်းနေဆဲ ဖြစ်သည့် အဆိုပြုချက် အချက် (၉) ချက်ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကာ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အစုအဖွဲ့ကိုယ်စားပြုမှုပုံစံတွေကို အဓိက ညှိနှိုင်းရန် လိုအပ်နေသည် ဟု UNFC တွဲဖက် အတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေဖြင့် အဆိုပါအချက်(၉)ချက်ကို ပြီးခဲ့သည့်နှစ် ၂၀၁၆ ခုနှစ်အတွင်းက တောင်းဆိုဆွေးနွေးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အစိုးရဘက်က ငြိ်မ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...