စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေ

စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေ

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းယူနေတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရင်က လမ်းတံတားဂိတ်ကြေးနဲ့ စည်ပင်ဂိတ်ကြေးတွေသာ ပေးဆောင်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ် အားလုံးကို ငွေကြေးပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာလို့ ရတာ ဖြစ်ပါတယ်။

“ဝါးတားဂိတ်တွေ များလာတာပေါ့ဗျာ၊ သူတို့နဲ့ အဆင်ပြေရင် အဆင်ပြေသလိုပေး မပြေရင် မပြေသလိုပေးရတယ်၊ စကားပြောတာ မချေမငံ ပြောရင် သူတို့ကို ပိုက်ဆံပိုပေးရတယ်၊ တစ်ဂိတ်ကို ၂ သောင်း ၃ သောင်း သိန်းနဲ့ချီလည်း တောင်းတယ်” လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေဟာ ကုန်တင်ကားအပြင် အခုနောက်ပိုင်းမှာ ခရီးသည်တင်ယာဉ်လိုင်းတွေမှာပါ ငွေကြေးကောက်ခံနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်းမြင့်တက်တာလာတာ၊ ခရီးသည်နည်းပါးလာတာ၊ စစ်ဆေးရေးဂိတ်တွေကိုပါ ငွေကြေးပေးဆောင်နေရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“တစ်လမ်းလုံး ပိုက်ဆံနေပေးရတယ် ပြောကိုမပြောချင်တော့ဗျာ လုပ်စားရတာ စိတ်ကုန်သွားလို့ ဒီအလုပ်တောင် မလုပ်စားချင်တော့ဘူး” လို့ ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက အကြောင်းအမျိုးမျိုးပြပြီး နည်းမျိုးစုံဖြင့် ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် မကြာမီကာလအတွင်း ယာဉ်လုပ်ငန်းတွေ အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

 
 

 

 

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...