ရေး အစင်စံပြကျေးရွာက စစ်ကောင်စီသတင်းပေး သေနတ်နဲ့ ပစ်သတ်ခံရ

ရေး အစင်စံပြကျေးရွာက စစ်ကောင်စီသတင်းပေး သေနတ်နဲ့ ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာက စစ်ကောင်စီ သတင်းပေး ဦးကျော်သူထွန်းအား စက်တင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်မှာ သေနတ်နှစ်ချက်ပစ်သတ်ခဲ့တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ပါတယ်။

ဦးကျော်သူထွန်းဟာ CDM ဝန်ထမ်းများနှင့်တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကို သတင်းပေးနေတဲ့ ဒလံတစ်ဦးဖြစ်တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့က ဆိုပါတယ်။

”အစင်အုပ်ချုပ်ရေးမှူးနောက်တကောက်ကောက်လိုက်နေတဲ့သူ ဟုတ်တယ်၊ ဒီညနေမှာပဲ သေနတ်ပစ်သတ်ခံထိတာ ကြားတယ်၊ သူနဲ့ရွာလူကြီးက စစ်သားတွေ သိချင်တဲ့ သတင်းတွေ စုံစမ်းခိုင်းတာလုပ်ပေးတယ်။ ရွာမှာဆို သူတို့နှစ်ယောက်က အလိုတူအလိုပါပဲ၊ လူကြီးပိုင်းတွေ လာရင် အပေါ်ဖားအောက်ဖိတဲ့သူမျိုးတွေ။“ ဟု ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

အဲဒီ့အပြင် စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီခွဲ အချိန်မှာလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ရဲ့ နေအိမ်ကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...