ညောင်တုန်း စည်ပင်ဝင်းအတွင်း ဗုံးပေါက်ကွဲ။

ညောင်တုန်း စည်ပင်ဝင်းအတွင်း ဗုံးပေါက်ကွဲ။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ စည်ပင်သာယာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ညောင်တုန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှာရှိ စည်ပင်သာယာရေးရုံးဝင်းအတွင်း စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရုံးအနောက်ဖက်က ပေါက်ကွဲသံကြားပြီး မီးခိုးတွေ ထွက်လာတွေ့တယ်။ နောက် ရဲနဲ့စစ်တပ်က ဝင်သွားတာလည်းတွေ့တယ်။ ထိခိုက်လို့ လူနာသယ်တာမျိုး မတွေ့ဘူး" ဟု ရုံးအနီး ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာခြင်း မရှိဟု မြို့ခံများက ဆိုသည်။

သို့သော် ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စည်ပင်သာယာရုံးဝန်းအတွင်းမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ညောင်တုန်းမြို့နယ် အနီးဝန်းကျင်ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် စစ်ဆေးရှာဖွေမှုများ လုပ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

"ဖမ်းထားတဲ့သူက ဝန်ထမ်းမဟုတ်တော့ အမည်မသိဘူး။ ပြန်လွှတ်တယ်လို့လည်း မကြားမိသေးဘူး" ဟု ယင်းရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ညောင်တုန်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ၅ ကြိမ်ခန့် ဖြစ်ခဲ့သော်လည်း သေဆုံး ထိခိုက် ဏ်ရာရသူ မရှိခဲ့ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးသက်ခိုင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဗုံးဖောက်ခွဲသူများကိုလည်း အမှန်တကယ် ဖော်ထုတ်နိုင်ခြင်းမရှိဘဲ သံသယဖြင့် ဖမ်းဆီးခံထားရသူ ၂၅ ဦးခန့်ရှိနေရာ ၎င်းတို့ကို ပြန်လွှတ်ပေးခြင်းမရှိသေးဟုလည်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...