ထိုင်းပြန်မြန်မာလုပ်သားများကို မြဝတီနယ်စပ်တွင် တရက်ခြား ၃၀၀ ဦးအထိ ထပ်တိုးလက်ခံ

ထိုင်းပြန်မြန်မာလုပ်သားများကို မြဝတီနယ်စပ်တွင် တရက်ခြား ၃၀၀ ဦးအထိ ထပ်တိုးလက်ခံ

ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သားများကို မြဝတီနယ်စပ်တွင် ယခင်က တစ်ရက်ခြား လူ ၂၀၀ ဦးသာ လက်ခံခဲ့ရာမှ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ တစ်ရက်ခြား လူ ၃၀၀ အထိ တိုးမြှင့်လက်ခံဆောင်ရွက်နေကြောင်း သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်း ဂယက်ကြောင့် ထိုင်းပြန်မြန်မာလုပ်သား ကြိုဆိုလက်ခံခြင်းကို ကာလအတန်ကြာ ရပ်နားထားခဲ့ပြီး ဩဂုတ်လ ၁ရက်နေ့မှစ၍ လူဦးရေ ၂၀၀ ကို တစ်ရက်ခြားသာ လက်ခံလာခဲ့ရာမှ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ နောက်ပိုင်း လူ ၃၀၀ အထိ လက်ခံပေးသွားမည်ဟု နေရပ်ပြန်များကို ကြိုဆိုလက်ခံပေးနေသည့် ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတား BCF ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီကနေ့ ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား အမျိုးသား ၁၅၂ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၂၉၁ ဦး ပြည်တွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။ အရင်က ကရင်ပြည်နယ်အတွင်း ပြန်မည့်သူတွေကိုပဲ ကိုဗစ်-၁၉ ရှိ/မရှိ စစ်ဆေးပေးရာက ဒီကနေ့ကစပြီး ပြန်လာသူအားလုံးကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးသွားပါမယ်။” ဟု ၎င်းဇုန်တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရောဂါပိုးတွေ့ရှိသူများကို မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်စင်တာနှင့် မဲကနယ်ရှိ ကိုဗစ်တိုးချဲ့စင်တာတွေမှာထားရှိပြီး ကုသမှုခံယူစေမှာဖြစ်ကြောင်း၊ ရောဂါပိုး မတွေ့ရှိသူများကိုလည်း အဆိုပါကွာရန်တင်း (Quarantine Center) များတွင် နှစ်ပတ်ခန့်ထားရှိပြီး ၎င်းတို့ပြန်လိုသည့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဟု သိရသည်။

ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ထိ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၅,၇၅၈ ဦးရှိခဲ့ကြောင်း အမှတ် (၂) ချစ်ကြည်ရေးတံတား BCF ဇုန်တွင် စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် နေရပ်ပြန်ကြိုဆိုရေးကို ကိုဗစ်ကာလတစ်လျှောက် ဆောင်ရွက်ပေးနေသည့် ဦးမိုးကျော်က ပြောသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...