ကန်ကြီးထောင့် ပျောက်ကြားတပ်ဖွဲ့အား စစ်ကောင်စီတပ်မှ စီးနင်းတိုက်ခိုက်

ကန်ကြီးထောင့် ပျောက်ကြားတပ်ဖွဲ့အား စစ်ကောင်စီတပ်မှ စီးနင်းတိုက်ခိုက်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် တောတွင်းရှိ မြို့ပြပြောက်ကျား တပ်ဖွဲ့စခန်းတစ်ခုအား စက်တင်ဘာ ၂၁ ရက် နေ့ညက စစ်ကောင်စီတပ်စုတစ်စုက ပထမဆုံးအကြိမ် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့ ည ၈ နာရီအချိန်ဝန်းကျင်ခန့်က ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကုန်း ကျေးရွာအုပ်စု၊ မဂူကျွန်း ကျေးရွာအနီး တောတွင်းရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ စခန်းငယ်တစ်ခုကို အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စီးနင်းတိုက်ခိုက်သော်လည်း နှစ်ဖက် ကျဆုံးမှုမရှိဟု ဒေသခံများ ပြောသည်။

"ဗုံးကွဲသံ နှစ်ခါကြားရတယ်။ ပစ်ခတ်သံကြားရတယ်။ အသံတွေကတော့ တစ်ဖက်သတ်ပစ်သံပါ။ ဘယ်သူမှလည်း သေတယ် ဖမ်းမိတယ် မတွေ့ရ မကြားတော့ PDF တွေ ရှောင်သွားနိုင်ပုံရတယ်" ဟု မဂူကျွန်းကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ပြောက်ကျားတပ်ဖွဲ့က ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်ဘက်မှ တောတွင်းသို့ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ပြောက်ကျားတပ်ဖွဲ့ဝင်များ လွတ်မြောက်သွားကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောပြသည်။

"တောနင်းရှာနေတာထင်ပါတယ်။ စစ်သားအင်အားတော့ သိပ်မများဘူး ၂၀ ဝန်းကျင်လောက်ပဲရှိမယ်။ တပ်တွေမှာ အင်အားသိပ်မရှိဘူးထင်တယ်" ဟု ဒေသခံ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ကန်ကြီးထောင့်မြို့နယ်အတွင်းက ကျေးလက်တောတွင်း လမ်းများ၊ နယ်မြေထိစပ်နေသည့် သာပေါင်းမြို့နယ်၊ ကျောင်းကုန်မြို့နယ်၊ ပုသိမ်မြို့နယ်တို့ရှိ တောတွင်း ဆက်စပ်နယ်မြေများကို ပိတ်ဆို့ရှာဖွေမှု လုပ်နေကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...