ကသာတွင် ဖမ်းဆီးခံထားရသူများအနက်မှ သုံးဦးကို အကြမ်းဖက်မှုပုဒ်မတပ်

ကသာတွင် ဖမ်းဆီးခံထားရသူများအနက်မှ သုံးဦးကို အကြမ်းဖက်မှုပုဒ်မတပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ၁၇ ဦးအနက် ၃ ဦးကို ခြေမြန်တပ်ရင်း ၃၀၉ စစ်ကြောရေးသို့ စက်တင်ဘာလ ၂၀ ရက်နေ့က ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးအနက် ၃ ဦးကို အကြမ်းဖက်ပုဒ်မတပ်၍ ဖမ်းဆီးထားပြီး ယခုလ ၂၀ ရက်နေ့က ခြေမြန်တပ်ရင်း ၃၀၉ စစ်ကြောရေးသို့ ခေါ်သွားကြောင်း မိသားစုဝင်များက ပြောသည်။

ကျန် ၁၄ ဦးကိုမူ ပုဒ်မ ၅၀၅-က တပ်မတော်အကြည်အညိုပျက်စေသည့် ပုဒ်မဖြင့် စွဲချက်တင်ပြီး ယမန်ယူထားကြောင်း သိရသည်။

စစ်ကြောရေးသို့ ခေါ်ဆောင်သွားသူ သုံးဦးအနက် တစ်ဦးကို ဖမ်းဆီးစဉ်ကလည်း ရိုက်နှက်မှုများ ရှိခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၄ နာရီခန့်တွင် ရောက်ရှိလာပြီး အိမ်ရှိ မိသားစုဝင် လူများအားလုံးကို ထိုင်ခိုင်းကာ ထင်းပုံမှ ထင်းချောင်းများဖြင့် ဆွဲရိုက်ခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

”အိုကြီးအိုမကို ပါးတွေချည့်ပဲရိုက်တာ စစ်ကြောရေးကိုခေါ်သွားရင်လည်း ထပ်ရိုက်ခံထိဦးမှာ အဝတ်အစားလည်း မပါသွားဘူး” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့က ကသာမြို့၊ ရပ်ကွက် ၉ မှ ၇ ယောက်၊ ရပ်ကွက် ၇ မှ ၇ ယောက်၊ လမ်းခွကျေးရွာမှ ၃ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။

စစ်ဆေးရန် စစ်ကောင်စီက ခေါ်သွားသူသုံးဦးမှာ လမ်းခွကျေးရွာမှ ဦးသန်းထွန်း ၄၅ နှစ်၊ ရပ်ကွက် ၉ မှ ဦးတင်ဦး ၆၀ နှစ်နှင့် သားဖြစ်သူ ဦးနိုင်ဦး ၄၀ နှစ်တို့ ဖြစ်ကြသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...