ကော့ကရိတ်မြို့တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ

ကော့ကရိတ်မြို့တွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ

ကော့ကရိတ်မြို့၊ စည်ပင်သာယာရေးရုံးရှေ့တွင် စက်တင်ဘာ ၂၂ ရက်၊ ယနေ့မနက်ပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲနေရာအနီး နေထိုင်သူ ဒေသခံတစ်ဦးက ယနေ့မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စည်ပင်ရုံးရှေ့နားမှ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ချက် ကြားရကြောင်းနှင့် အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မတွေ့ရကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီး ၈ လခန့်တွင် ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဘုရားသုံးဆူ၊ မြ၀တီနှင့် ကော့ကရိတ် စသည့် မြို့ကြီးအချို့နှင့် မြို့ပြင်ပနေရာများ၌ အလားတူ လက်နက်၊ မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု အနည်းငယ်ရှိသည်။

သို့သော် စက်တင်ဘာ ၂၀ ရက် ညပိုင်းက မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံ ၂ လမ်း၌ နေအိမ်တွင်း မိုင်းစမ်းသပ်ပေါက်ကွဲမှု၌ အမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရမှုဖြစ်ခဲ့သည်။

အလားတူ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းကလည်း မြ၀တီမြို့ အရှေ့တောင်ဘက်ရှိ လေးကေကော်မြို့သစ်တွင် နေအိမ်အတွင်းမှ မိုင်းစမ်းသပ်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...