မြဝတီမြို့၊ အာရှလမ်းရှိ ခလရ (၂၇၅) တပ်ဝင်း တိုက်ခိုက်ခံရ

မြဝတီမြို့၊ အာရှလမ်းရှိ ခလရ (၂၇၅) တပ်ဝင်း တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ စက်တင်ဘာ ၂၁ ရက် ညဦးပိုင်းက စစ်ကောင်စီတပ်ဝင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြားသိခဲ့ကြသည့် မြို့ခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ယင်းနေ့ ည ၈ နာရီကျော်အချိန်က မြဝတီမြို့၊ အာရှလမ်းဘက်ရှိ ခလရ (၂၇၅) တပ်၏ အရှေ့ဘက်တွင် သေနတ်သံ အချက် ၃၀ ကျော် ကြားရပြီး လက်နက်ကြီးပစ်ခတ်သံ ၁ ချက်လည်း ကြားခဲ့ရသည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများက ပြောသည်။

“လက်နက်ကိုင်အဖွဲ့တစ်ခုကနေပြီး ၂၇၅ တပ်ဝင်းကို အရင်ပစ်လို့ တပ်ထဲကနေပြီး ပြန်ပစ်သလို စိမ်းလဲ့မြိုင်ကားဝင်းအနီးက တပ်စခန်းကနေပြီး ပစ်ကူနေတာတွေလည်း ရှိခဲ့ပါတယ်။ ပစ်ခတ်မှုကတော့ ၁၀ မိနစ်ဝန်းကျင်ပဲကြာတယ်။ အခု ၈ နာရီခွဲခန့်မှာတော့ သေနတ်သံတွေ မကြားရတော့ဘူး။” ဟု ဖြစ်စဉ်နေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရသေးဘဲ ဆက်လက်စုံစမ်းသွားမည်ဖြစ်သည်။

စက်တင်ဘာလ ၂၀ ရက်၊ ညပိုင်းကလည်း မြ၀တီမြို့၊ အမှတ် (၄) ရပ်ကွက် အောင်မြေရွှေဘုံရှိ နေအိမ်တစ်အိမ်တွင် လာရောက်ငှားရမ်းနေထိုင်သူများက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြ၀တီခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါနေအိမ်၏ နောက်ဖေးရေကန်ဘေးမှ PVC ပိုက်ဖြင့်ပြုလုပ်ထားသော ပြုလုပ်ဆဲ လက်လုပ်မိုင်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းပေါက်ကွဲမှုနှင့်ပတ်သက်၍ နေအိမ်တွင် ကျန်ရှိသူ (၃) ဦးကို တာဝန်ရှိသူများက ခေါ်ဆောင်သွားကာ ဆက်လက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...