ကျိုက်ထိုမှာ အရပ်သား ၂ ဦး မြေမြှုပ်မိုင်းထိ၊ ၁ ဦး ဒဏ်ရာပြင်းထန်

ကျိုက်ထိုမှာ အရပ်သား ၂ ဦး မြေမြှုပ်မိုင်းထိ၊ ၁ ဦး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်‌ေန့ မနက်ပိုင်းက အရပ်သားပြည်သူ ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ မနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ချောင်းကွေ့ကျေးရွာအနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ဘက်သို့သွားနေစဉ် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၉ နာရီခွဲအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာနဲ့ မဲရုံးကြီးကျေးရွာကြားမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျိုက်ထိုပြည်သူ့ဆေးရုံကတဆင့် မော်လမြိုင်ကို ပို့ဆောင်ထားရပါတယ်။

“ဆောင်နိုင်ကြီးဘက်က မိုင်းထိလူနာက ဒဏ်ရာပြင်းထန်လို့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ရတယ်” လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်ကလည်း၊ ကျိုက်ထီးရိုးတောင် ရေတံခွန်လမ်းသွားလမ်းမှာရှိတဲ့ ဝိဇ္ဇာတောင်အနီးမှာ တောထဲမျှစ်ချိုးသွားတဲ့ လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...