မြေမြုပ်မိုင်းရှိတဲ့တောကိုဖြတ်ဖို့ ဒေသခံတွေကို စစ်ကောင်စီ အတင်းအဓမ္မ ခေါ်ဆောင်

မြေမြုပ်မိုင်းရှိတဲ့တောကိုဖြတ်ဖို့ ဒေသခံတွေကို စစ်ကောင်စီ အတင်းအဓမ္မ ခေါ်ဆောင်

တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ သစ်ကတိုးရွာသားတွေကို စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းရှိတဲ့တောကို ဖြတ်ဖို့ လမ်းပြတွေအဖြစ် အတင်းအဓမ္မခေါ်ဆောင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ဟာမြင်းကြီးသတ္တုမိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ ပျောက်ဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခိုးယူသွားသူတွေကို ရှာဖွေဖမ်းဆီးဖို့ တောနင်းရှာဖွေမှုတွေ စစ်ကောင်စီ ပြုလုပ်နေတာဖြစ်ပါတယ်။

“သူတို့တွေ တောထဲသွားရင် ဒေသခံ လေးငါးခြောက်ယောက်လောက်ကို လမ်းပြအဖြစ်ခေါ်သွားတာရှိတယ်။ ရွာသားတွေက မလိုက်ချင်ပေမယ့်လည်း ကြောက်လို့လိုက်ရတာရှိတယ်လို့ ပြန်သိရတယ်။ ခုတော့ ပြန်ရောက်နေပြီလို့တော့ကြားရတယ်။ သူတို့တွေရောက်လာတဲ့ အချိန် ထွက်မပြေးဖို့လည်း ရွာသားတွေကို ပြောဆိုတာရှိတယ်။” လို့ သစ်ကတိုးရွာနဲ့နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဟာ သစ်ကတိုးရွာနဲ့အနီးနားရွာမှာ ၃ ရက်ကျော်တပ်စွဲနေထိုင်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...