တနိုင်းမြို့နယ်အတွင်း မှော်များတွင်နေထိုင်သူများ ၁၅ ရက်အတွင်းရွှေ့ပြောင်းရန် တပ်မတော်က လေယာဉ်ဖြင့် စာများကျဲချ

တနိုင်းမြို့နယ်အတွင်း မှော်များတွင်နေထိုင်သူများ ၁၅ ရက်အတွင်းရွှေ့ပြောင်းရန် တပ်မတော်က လေယာဉ်ဖြင့် စာများကျဲချ
by -
မဇ္ဈိမ
တနုုိင်းမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဖြစ်၍ ရွှေမှော်၊ ပယင်းမှော်များတွင် နေထုုိင်နေသူများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံုးထား ထွက်ခွာရန် စာများဖြန့်ဝေထားသည်ဟု ယင်းဒေသတွင် နေထိုင်သူများထံမှ သိရသည်။

“တုုိက်ပွဲတော့ ပုံုမှန်ဖြစ်နေတယ်လုုိ့ သတင်းရတယ်။ စာတစောင်လည်း ပြန့်နေတယ်။ ဘယ်သူက ဖြန့်လည်းတော့ မသိဘူး။ လေယဉ်နဲ့လာချသွားတယ်လုုိ့လည်း ပြောကြတယ်။ တပ်မတော်က နယ်မြေရှင်းလင်းရေးလုုပ်ဖုုိ့ စာမှာက ရွှေမှော်၊ ပယင်းမှော်အပြင် ဒီဒေသမှာနေတဲ့ လူတွေ အားလုံုး ၁၅ ရက်မရောက်ခင် အမြန်ထွက်သွားဖုုိ့ပါတယ်။ မထွက်ဘူးဆုုိရင် ကေအုုိင်အေနဲ့ ဆက်သွယ်တဲ့လူတွေဆုုိပြီး သတ်မှတ်မယ်။ လူထုုထိခုုိက်မှုမရှိစေဖုုိ့အတွက်ဆုုိပြီး ရေးထားတယ်”ဟုု တနုုိင်းဒေသခံ ဓမ္မဆရာ ဦးနော်တောင်က မဇ္စျိမကုုိ ပြောသည်။

နယ်မြေရှင်းလင်းရေးတွင် ပြည်သူလူထုုအား ထိခုုိက်သေဆုံုးမှု မရှိစေရန် အမြန်ဆုံုးထွက်ခွာသွားရန်နှင့် ထွက်ခွာခြင်း မရှိပါကKIA နှင့် ဆက်သွယ်သူများဖြစ်သည်ဟုု သတ်မှတ်မည်ဟုု စာတွင် ရေးသားထားသည်ဟုု သူက ပြောသည်။

အဆိုပါ နယ်မြေရှင်းရန် သတိပေးစာများကို ဇွန်လ ၅ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၄ ရက်ည သန်ခေါင်းယံအချိန်ကလည်း လက်နက်ကြီး ကျရောက်၍ လူ ၃ ဦး ဒဏ်ရာရရှိခဲ့သော ကောင်ရာ ကျေးရွာသားများနှင့် မှော်အတွင်းမှ ဒေသခံ ၁၀၀ ခန့် သည် တနုုိင်းမြိ့ု့ ပေါ်ရှိ ကက်သလစ်အသင်းတော်နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုုရားကျောင်းများတွင် လာရောက် ခုုိလှုံနေသည်ဟုု သူက ဆက်ပြောသည်။

ဇွန်လ ၅ ရက်နေ့မှစတင်၍ တနုုိင်းမြို့နယ် အင်ဂါးဂါ၊ နမ်ခမ်၊ လပုုိခ၊ ဆွတ်ငုုိင်ယန်စသည့် ကျေးရွာများမှ တိမ်းရှောင်လာသူများ လမ်းခရီးတွင် တောင်တင်နေသူများကုုိ ယနေ့ တနုုိင်းမြို့ မှ ဘာသာပေါင်းစုံုမှ ဖွဲ့စည်းထားသော စစ်ပြေးဒုုက္ခသည်များ ကူညီရေးကော်မတီက အဆုုိပါ စစ်ပြေးဒုုက္ခသည်များကုုိ သွားရောက် ခေါ်ယူနေပြီဟုဆိုသည်။

“တနုုိင်းက ဘာသာပေါင်းစုံုနဲ့ဖွဲ့စည်းထားတဲ့ ဒုုက္ခသည်များ ကူညီရေးကော်မတီကနေ ဒီမနက် စက်လှေ ၁၂ စီးနဲ့ သွားကြိုနေကြပြီ။ ခုုထိတော့ ပြန်မရောက်လာသေးဘူး။ တနုုိင်းမြစ် ရေလမ်းကြောင်းကနေ သွားကြိုတာ။ ၄၀၀၊ ၅၀၀ လောက်ရှိပြီ”ဟုု ဦးနော်တောင်က ပြောသည်။

တနုုိင်းမြို့နယ်အတွင် တုုိက်ပွဲဖြစ်ပွားနေသည်ဟုု သိရသော်လည်း အသေးစိတ်သတင်းများ မရရှိသေးကြောင်းနှင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုုပ်ဆောင်မည်ဟူသော လေယာဉ်ပေါ်မှ ပစ်ချသွားသောစာများ ပြန်နှံ့နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်သတင်းများ ကြားသိရသည်ဟုု KIA ဘက်မှ ဒုဗုုိလ်မှူးကြီး နော်ဘူက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှစတင်၍ တပ်မတော်ဘက်မှ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေအတွင်း တုုိက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

Most read this week

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...