စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်မြို့မှာ မနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မောတောင်မြို့ သိန်ခွန်းကျေးရွာအုပ်စု အမှတ် – ၉ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုနဲ့ ဌာနဆိုင်ရာအဖွဲ့တွေ ကျေးရွာစစ်ဆေးရေးဂိတ်မှာ ကင်းစောင့်နေစဉ် ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

”သူတို့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရန်မီးသတ်တပ်ဖွဲ‌့‌ေတွ ပါတယ်၊ ရွာစစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့အချိန်လောက်ပဲ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက သူ့ကို သေနတ်ပစ်ပြီးတာနဲ့ မောင်းပြေးသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူ ဦးအေးမင်းကို ဆိုသူမှာ ကျေးရွာအုပ်ချုပ်ရေးမှူး အရှိန်အဝါနဲ့ ဒေသခံပြည်သူတွေအပေါ်မှာ အာဏာပါဝါပြခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လေ့ရှိပြီး စစ်ကောင်စီရဲ့ သတင်းပေးတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အုပ်ချုပ်ရေးမှူး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...