စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်မြို့မှာ မနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မောတောင်မြို့ သိန်ခွန်းကျေးရွာအုပ်စု အမှတ် – ၉ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုနဲ့ ဌာနဆိုင်ရာအဖွဲ့တွေ ကျေးရွာစစ်ဆေးရေးဂိတ်မှာ ကင်းစောင့်နေစဉ် ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

”သူတို့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရန်မီးသတ်တပ်ဖွဲ‌့‌ေတွ ပါတယ်၊ ရွာစစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့အချိန်လောက်ပဲ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက သူ့ကို သေနတ်ပစ်ပြီးတာနဲ့ မောင်းပြေးသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူ ဦးအေးမင်းကို ဆိုသူမှာ ကျေးရွာအုပ်ချုပ်ရေးမှူး အရှိန်အဝါနဲ့ ဒေသခံပြည်သူတွေအပေါ်မှာ အာဏာပါဝါပြခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လေ့ရှိပြီး စစ်ကောင်စီရဲ့ သတင်းပေးတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အုပ်ချုပ်ရေးမှူး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...