၅၀၅ (က) ဖြင့် တရားစွဲခံရသူတွေကို ရဲတပ်ဖွဲ့ဘက်က လုံခြုံရေးမပေးလို့ အမှုမစစ်နိုင်

၅၀၅ (က) ဖြင့် တရားစွဲခံရသူတွေကို ရဲတပ်ဖွဲ့ဘက်က လုံခြုံရေးမပေးလို့ အမှုမစစ်နိုင်

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူတွေကို ရဲတပ်ဖွဲ့က လုံခြုံရေးမပေးလို့ အမှုစစ်ဆေးနိုင်ခြင်းမရှိဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး နိုင်ငံတော်အကြည်ညိုပျက်စီမှုဆိုတဲ့ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားရုံးတွေမှာ အမှုအများစုကို ပြန်လည် စစ်ဆေးနေပေမယ့် ၅၀၅ (က) ဖြင့် တရားစွဲဆိုထားတဲ့ အမှုတွေကို စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။

“၅၀၅ (က) တွေကို ရဲတပ်ဖွဲ့က လုံခြုံရေးမပေးနိုင်လို့ဆိုပြီး အမှုမစစ်ဖြစ်ဘူး၊ အခု အမှုကို မကြာကြာအောင် လုပ်နေတာလို့ပဲမြင်တယ်” လို့ ရှေ့နေ့တစ်ဦးက ပြောပါတယ်။

၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့သူတွေဟာ စစ်ကောင်စီရဲ့ ကိုဗစ်အကြောင်းပြချက်ကြောင့် မိသားစုနဲ့ တွေ့ခွင့်မရသလို အမှုစစ်ဆေနိုင်ခြင်း မရှိလို့ အကျဉ်းထောင်တွေထဲမှာ လနဲ့ချီပြီး ချုပ်နှောင်ခံနေရပါတယ်။။

“အခုက တွေ့လည်းမတွေ့ရသလို ဘာမှလည်းမသိရဘူး၊ တရားသူကြီးသွားမေးတော့လည်း မစစ်သေးဘူးလို့ပဲပြောတယ်၊ အမှုကို မြန်မြန်စစ်ပြီး မြန်မြန်အမိန့်ချစေတယ်” လို့ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

၅၀၅ (က) တွေကို ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အကျဉ်းထောင်တွေထဲမှာ ကာလရှည် ချုပ်နှောင်ထားတာဟာ ဥပဒေသဘောအရ ကြိုတင်အပြစ်ပေးရာရောက်ကြောင်းနဲ့ တရားစွဲခံထားရသူ အခွင့်အရေးတွေ အများကြီးဆုံးရှုံးနေတယ်လို့ ရှေ့နေတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ပြည်သူ ၉၀ လောက်ကိုသာ အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...