ဧရာဝတီတိုင်းအတွင်း Mytel တာဝါတိုင်နှစ်ခု ဖျက်စီးခံရ

ဧရာဝတီတိုင်းအတွင်း Mytel တာဝါတိုင်နှစ်ခု ဖျက်စီးခံရ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်က Mytel တာဝါတိုင် ၂ ခု ဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က မအူပင်မြို့နယ် တလုပ်လပ် ၃ မိုင်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဗုံးခွဲဖျက်စီးခံပြီး ကျိုတ်လတ်မြို့နယ်၊ စစ် ကုန်းကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင်မှာ မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

"ည ၈ နာရီကျော်လောက်က ပေါက်ကွဲတာ။ မအူပင်မြို့နယ်အတွင်းမှာ Mytel တာဝါတိုင် ဗုံးခွဲခံရတာ ပထမဆုံးအကြိမ်ပါ" ဟု မအူပင် ဒေသခံ ကိုဇော်မင်းက ပြောသည်။

မအူပင်မြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် ဗုံးခွဲခံခဲ့ရသော်လည်း ပြိုလဲခြင်းမရှိခဲ့ပေ။ သို့သော် အဆိုပါ ဖုန်းတာဝါတိုင်အောက်ရှိ ထရန်ဖော်မာနှင့် အခြားစက်ပစ္စည်းများ မီးလောင်ပျက်စီးသွားသည်ဟု မအူပင်ဒေသခံများက ပြောသည်။

ကျိုတ်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်ကို FTR (FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက မီးရှို့ဖျက်စီးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

"မိုင်းဆင်ပြီး ဖောက်ခွဲဖျက်ဆီးတာပါ။ ယမ်းကမအောင်တော့ တာဝါတိုင်ကို မီးရှို့ဖျက်ဆီးကြတာ။ တာဝါတိုင်မှာ ဖရီးတိုက်ဂါးရိန်းဂျားအဖွဲ့က သတိပေးစာတွေကပ်ခဲ့တယ်" ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုအကြိမ် မီးရှို့ ဖျက်ဆီးခံရသည့် မအူပင်မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်က Mytel ဖုန်တာဝါတိုင် ၂ တိုင်မှာ ဘိုကလေးမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်စီးခံပြီးနောက် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုပါက ဧရာဝတီတိုင်းအတွင်း Mytel ဖုန်းတာဝါတိုင် သုံးတိုင်မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

Mytel ဖုန်းတာဝါတိုင်များ ဖျက်စီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့မသင်္ကာသည့်သူများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေပြီး မအူပင်မြို့နယ်တွင် ၂ ဦး၊ ကျိုက်လတ်မြို့နယ်တွင် ၆ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

ဧရာဝတီတိုင်းတွင် စက်တင်ဘာ ဒုတိယပတ်အတွင်းက ဘိုကလေးမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်စီးခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel တာဝါတိုင် မီးရှို့ဖျက်စီးမှုက မအောင်မြင်ပဲ ဒေသခံလူငယ်တစ်ဦး ဖမ်းဆီးခံထားရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...