မြဝတီမြို့တွင် နေအိမ်တွင်း လက်လုပ်မိုင်းပေါက်ကွဲ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာပြင်းထန်

မြဝတီမြို့တွင် နေအိမ်တွင်း လက်လုပ်မိုင်းပေါက်ကွဲ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာပြင်းထန်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံရပ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ညဦးပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ကျန် ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ည ၇း၁၅ အချိန့်ခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ အောင်မြေရွှေဘုံ ၂ လမ်းရှိ နေအိမ်တစ်အိမ်၌ လက်လုပ်မိုင်းစမ်းသပ်ရင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသား ၃ ဦးကို မိုင်းထိမှန်ကာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာလည်း အခြေအနေ စိုးရိမ်ရကြောင်း မြဝတီခရိုင်ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုဖြစ်သွားပြီးနောက် အဆိုပါနေရာတွင် စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးတင်းကြပ်ထားပြီး နောက်ဆက်တွဲရှာဖွေစုံစမ်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...