မြဝတီမြို့တွင် နေအိမ်တွင်း လက်လုပ်မိုင်းပေါက်ကွဲ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာပြင်းထန်

မြဝတီမြို့တွင် နေအိမ်တွင်း လက်လုပ်မိုင်းပေါက်ကွဲ၊ ၁ ဦးသေ ၂ ဦး ဒဏ်ရာပြင်းထန်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံရပ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ညဦးပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ကျန် ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ည ၇း၁၅ အချိန့်ခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ အောင်မြေရွှေဘုံ ၂ လမ်းရှိ နေအိမ်တစ်အိမ်၌ လက်လုပ်မိုင်းစမ်းသပ်ရင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသား ၃ ဦးကို မိုင်းထိမှန်ကာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာလည်း အခြေအနေ စိုးရိမ်ရကြောင်း မြဝတီခရိုင်ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုဖြစ်သွားပြီးနောက် အဆိုပါနေရာတွင် စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးတင်းကြပ်ထားပြီး နောက်ဆက်တွဲရှာဖွေစုံစမ်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...