မြို့နယ် ဒု-ထွေအုပ်တစ်ဦး ဖမ်းခံရ

မြို့နယ် ဒု-ထွေအုပ်တစ်ဦး ဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒု-အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်စုံကို လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

"စစ်သားတွေက သေနတ်တွေနဲ့ချိန်ပြီး ဖမ်းသွားတာမြင်ကြရတယ်။ ဘာကြောင့် ဖမ်းသွားလဲ မိသားစုဝင်တွေလည်း မသိကြဘူး။ ဌာနက အထက်လူကြီးလည်း မသိဘူး" ဟု ဦးပြည့်စုံနှင့် တစ်ရုံးတည်း လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ဦးက ပြောသည်။

ဦးပြည့်စုံကို လာဖမ်းသူများတွင် စစ်သားများသာမက အရပ်ဝတ်ဖြင့် လူအချို့လည်းပါဝင်ကြောင်း မိသားစုဝင်များက ပြောသည်။

ဦးပြည့်စုံသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး CDM ပြုလုပ်သူလည်းမဟုတ်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ဦးပြည့်စုံကို ရဲစခန်းတွင် ဖမ်းထားခြင်းမရှိကြောင်း၊ မည်သူမည်ဝါက လာရောက်ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ဖမ်းထားသည်ကိုလည်း မသိရှိသေးဘူးဟု ပြောသည်။

"ရဲကဖမ်းတာလည်းမဟုတ်ဘူး။ စခန်းမှာလည်းမရှိဘူး။ ဆိုတော့ စစ်တပ်ကဖမ်းပြီး ပုသိမ်က ထောက်လှမ်းရေးတပ် စစ်ကျောရေးစခန်းကို ခေါ်သွားတာဖြစ်မယ်။ ထွေအုပ်ဝန်ထမ်း အဖမ်းခံရတာ ဒါပထမဆုံးအကြိမ်ပဲ" ဟု ကန်ကြီးထောင့်မြိုခံ ဦးဝင်းတင်က မှတ်ချက်ပြုပြောဆိုသည်။

ကန်ကြီးထောင့်မြို့မှ စစ်ကောင်စီသတင်းပေး “ဒလန်” ဟု နာမည်ကျော်ဇောသူ မောင်မောင်မြင့် အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်း ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စက်တင်ဘာလ ၁၉ ရက်နေ့အထိ ဒေသခံ ၄၀ ဦးဝန်းကျင် ဖမ်းဆီးထားရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများအနက် ၁၀ ဦးခန့်သာ ပြန်လည်လွှတ်မြောက်လာသေးသည်ဟု ဆိုကြသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...